မောင့်မယ်လိုဒီ

171 15 20
                                    

48*46ကြား လမ်းထဲကားဝင်လိုက်ပြီး

"မောင်ကွေ့လိုက်ရတော့မလား ၈"

"အင်း...ကွေ့လိုက်ပြီး ရှေ့နားက
မြရည်နန္ဒာအိမ်ရာ ဆိုတဲ့ဆိုင်းဘုတ်ရှေ့ချပေး"

ထယ်ယောင်းက lover seatမှာထိုင်ရင်း လက်ညှိုးလေးထိုးပြပြီးလမ်းညွှန်တဲ့အခါ
ဂျုံးဂုက ကားမောင်းနေရာက
ထယ်ယောင်းကို စောင်းငဲ့ကြည့်လိုက်ပြီး ထယ်ယောင်းရဲ့ လက်ကိုဆွဲ ကိုင်ရင်း လက်ဖမိုးအိအိလေးကို ဖွဖွ လေးနမ်းရှုံ့လိုက်သည်။

"မောင့်ကို အိမ်လည်မခေါ်တော့ဘူးလား
မောင့် ၈၈၃၄က ..."

"မောင်ထွက်လာတာကြာပြီမလား တော်ကြာ
မောင့်မေမေ စိတ်ပူနေပါဦးမယ် "

"၈ရယ်... မောင့်မေမေထက် ဘယ်သူက
မောင့်ဘဝရဲ့ ဦးစားပေးလဲဆိုတာ မသိတာလည်းမဟုတ်ဘဲနဲ့..."

ကားမောင်းရင်း နှုတ်ခမ်းဆူနေတဲ့
အမောင်လူချောက အရင်တုန်းကလို
‌ဆိုးမြဲဆိုးဆဲပါလေ...
:
:
ထယ်ယောင်းက တိုက်အပေါ်ထပ်ကိုမော့ကြည့်လိုက်ပြီး
"မောင် ...လှေကားကနဲနဲ
မတ်ပြီးကျဥ်းတော့
တက်ဖို့ အဆင်ပြေရဲ့လား"

"မောင်က အဲ့လို ကျဉ်းကျဉ်းကြပ်ကြပ်ထဲ
၈နဲ့ ပူးပူးကပ်ကပ်လျှောက်ချင်တာ"
ဂျုံးဂု ထယ်ယောင်းရဲ့လက်သွယ်သွယ်လေးတွေကို သူ့လက်ချောင်းလေးတွေကြားထဲ ယှက်လို့ ဆုပ်ကိုင်လိုက်ပြီး နှစ်ယောက်အတူတူ မတ်စောက်တဲ့လှေကားထစ်တွေပေါ် ခြေလှမ်းချမိသည်။

"ဟင်...ဘယ်"
ဂျုံးဂု အာမေဍိတ်သံလေးထွက်သွားရတဲ့အကြောင်းရင်းကတော့
ပထမဆုံးလှေကားထစ်ပေါ်ကို နှစ်ဦးလုံးရဲ့ ခြေထောက်ပြိုင်တူ ကျရောက်သွားသည်မှာ ဘယ်ခြေထောက်ဖြစ်နေသည်။

"ဟားးး "

ဂျုံးဂုက ခေါင်းလေးမော့လို့ရယ်လိုက်ပြီး

"မောင်တို့ အခုထိ တူနေတုန်းပဲ..."

ဟုတ်ပါသည်...ဂျုံးဂုနဲ့အတူတူ ကျောင်းလှေကားထစ်တွေ တက်ဖူးသည်။ အဲ့တုန်းကလည်း အခုလိုပင်

"ဘယ် ..."
"ညာ..."
"ဘယ်... "

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း
ဒုတိယထပ် room no9 သို့
တဆင့်ချင်းတက်ခဲ့ကြသည်။

"နန်းမြေကချစ်ဦးပုံပြင်"Where stories live. Discover now