(၃)

270 20 10
                                    


Unicode

ဟဲ့ အေးပုံ ညဉ်းကြားပြီးပြီးလားတော့

ဘာတုန်း အိချောရဲ့...ညဉ်းဆိုသည်မှာလည်း
ပြောလိုက်ရင် အရင်းမရှိအဖျားမရှိနဲ့​အေ

ဟီးးး ဟီးး ကျုပ်ကပြောချင်ဇောနဲ့လွန်းသွားလို့ပါတော့

''အမလေး '' ပြောပါအုန်း

''ကောင်မတွေ ဘာတွေများ​ကြက်ခွတ်နေကြတာတုန်း...''

''ဟယ်'' ငုဝါ မြန်​မြန် ​လားအုန်းဟ

ဘာတုန်း !

ငါတို့ရွာကိုလေ နယ်စားမင်းအသစ်ရောက်နေတယ်ဆို! အဲဒါညဉ်းသိလား

ဟုတ်တယ်တော့ ကျုပ်လည်းအခု ညဉ်းတို့အိမ်လာရင်းနဲ့ နားစွန့်နားဖျားလေးကြားလားရတယ်

''ဟေ'' ဟုတ်လား

''ဗျို့ မအေးပုံ.... မအေးပုံရှိလားဗျို့.....''

ဘယ်သူတုန်း. !!

ကျုပ် အောင်ကျော် ဗျ

''ဟင် ''ေအာင်ကျော် ဘာကိစရှိလို့တုန်း !

''ဉီးလေးကြိုင်တို့ အိမ်က တစ်ရွာလုံးကိုလိုက်ခေါ်ခိုင်းနေလို့ဗျ''

အော် ဟုတ်လား ဘာကိစသတဲ့ကွယ်

''ဘာကိစတော့ ကျုပ်လည်းမသိဘူးဗျ''

ဟုတ်ပါပြီကွယ် အမတို့လိုက်လာခဲ့မယ်နော်

ဟုတ် ကျုပ်လည်းဆက်ပြီးသွားခေါ်လိုက်ပါအုန်းမယ် အမအေးပုံ.....

''အေးပါကွယ်''

ဘာသတင်းတုန်း !အေးပုံ

ဉီးလေးကြိုင်တို့အိမ် ကခေါ်ခိုင်းလို့တဲ့

ဟင် ဟုတ်လား ကျုပ်ထင်တော့ ခုနအကြောင်းဖြစ််ထင်တယ်နော် ငုဝါ

အေ ကျုပ်လည်းအဲလိုပဲ့ထင်တယ် အိချော

''ကဲ...ကောင်မတွေ ပြောမနေကြနဲ့တော့ သွားကြရအောင် ''

အဲလိုနဲ့ ငုဝါ, အိချော နှင့် အေးပုံ တို့ဟာ ဉီးကြိုင်အိမ်သို့ ရောက်သွားလေသည်။

ဟယ်....!!

ဝိုး.....!!

ဝါး....!!

တောင်တန်းမြေမှချစ်သက်သေ~~~Where stories live. Discover now