"ရာ ဥက္ကာကို လက်မထပ်နိုင်ဘူး အမေ
ရီနာ့ကိုပဲ ရာ့ဘဝအတွက် ရွေးချယ်မှာ
ဘယ်တုန်းကမှ ရာ မတောင်းဆိုခဲ့ဖူးသလို
အမေတို့ရဲ့ကိစ္စတွေမှာလည်း ရာ ဘာမှဝင်မပြောခဲ့ဘူး ရာ့ကို ထားခဲ့ကြတယ်
ရတယ် ရာ နားလည်ပေးနိုင်ဖို့ ကြိုးစားပြီး ရာ့ကိုယ်ရာ တည်ဆောက်ခဲ့တယ်
အမေတို့ကြောင့် ရာ့ဘဝက အစိတ်စိတ်အမြွာမြွာကွဲကြေခဲ့ရတယ်
အဲ့ဒီအစိတ်အပိုင်းတွေကို တခုချင်းစီကောက်ပြီး
ပြည့်စုံအောင် လုပ်ပေးခဲ့တာက ရီနာပါ အမေ
ရာ့ကို ပျော်အောင်လုပ်ပေးနိုင်တာလည်း ရီနာပဲ
သူတယောက်တည်းပဲ
ရာ ဘယ်တော့မှ သူနဲ့ လမ်းခွဲမှာမဟုတ်ဘူး
ရီနာနဲ့ လမ်းခွဲမယ့်အချိန်က တချိန်တည်းပဲ ရှိတယ်
အဲ့တာ ရာ့ရဲ့နောက်ဆုံးချိန်ပဲ
ရာက ခံစားတတ်တဲ့လူတယောက်ပါ
ရည်ရွယ်ချက်တခုနဲ့ ပေးလို့ရတဲ့လက်ဆောင်ပစ္စည်းတခု မဟုတ်တာမို့
အမေတို့ရဲ့ စီးပွားရေးကိစ္စတွေမှာ ရာက လက်ဆောင်ပဏ္ဍာမဖြစ်ချင်ဘူး
ကျေးဇူးပြုပြီး ရာ့ကို ဒီအတိုင်းထားပေးပါ
ထားခဲ့တုန်းက ထားပစ်ခဲ့တာပဲ မဟုတ်လား
အခုမှ ရာ့ဘဝမှာ ပျော်ရွှင်မှုတွေခံစားတတ်မှ
ရာ့ဘဝထဲ ထပ်ဝင်မလာပါနဲ့တော့
အမေတို့ရဲ့ ဘဝအသစ်မှာပဲ ပျော်အောင်နေပါ
ပြောစရာမရှိတော့ရင် ရာ ဖုန်းချလိုက်တော့မယ်
ရာ အဆင်ပြေပါတယ်
ဟုတ် ပိုက်ဆံကလည်း လုံလောက်ပါတယ်
ရာ ပျော်နေပါတယ်
ပတ်ဝန်းကျင်လား..ရာ ဂရုမစိုက်ပါဘူး
အရေးမပါတဲ့ကိစ္စတွေနဲ့ ရာ့ပျော်ရွှင်မှုကို ဖျက်ဆီးခံမှာမဟုတ်ဘူး
ရီနာက ရာ့အနားမှာ မရှိချင်တော့ရင်တော့
ရာ သူနဲ့ လမ်းခွဲပေးမယ်
တခြားအကြောင်းတွေကြောင့်တော့ ရာတို့ရဲ့တွဲလက်တွေကို ဖြုတ်မပစ်ဘူး
ဘယ်တော့မှပဲ.."ဖုန်းကို အိပ်ယာပေါ် ပစ်ချပြီးတော့ မျက်ခုံးတွေရဲ့အလယ်ကို လက်မနဲ့ ဖိလိုက်တယ်
စိတ်ရှုပ်လိုက်တာ.."ရာ.."
"ရီနာ..
ဘယ်အချိန်ကတည်းက ရောက်နေတာလဲ"
"ငါ့ကို ဖက်ထားချင်လား"ရီနာက လက်တွေကို ဆန့်ထားတယ်
"သေချာတာပေါ့"
ကျမ ရီနာရင်ခွင်ထဲ တိုးဝင်လိုက်တယ်
"နင့်မှာ ငါရှိပါတယ် ရာ
ငါ နင့်အတွက် အိမ်ငယ်လေးဖြစ်ပေးမယ်
ငါက အများကြီးဖြည့်ဆည်းမပေးနိုင်ပေမယ့်
နင့်ကိုတော့ ပျော်အောင် ထားပေးနိုင်တယ်
နောက်ပြီး ငါ နင့်ကို ဘယ်တော့မှ ထားမသွားဘူးနော် အဲ့တာကြောင့် ငါက ထားခဲ့မယ်ဆိုတဲ့အ ကြောင်း မတွေးရဘူး
ငါ နင့်ကို ချစ်တယ် ရာ
နင်ထင်ထားတာထက် ပိုချစ်တာမို့
ငါ့ကို မထားခဲ့ပါနဲ့"
"ငါက ဘာလို့ နင့်ကို ထားရမှာလဲ"
YOU ARE READING
*no title love*(complete)
Romance"ရာ ငါ့ကို ချစ်လား" "ချစ်တာပေါ့ နင်က ငါ့သူငယ်ချင်းပဲလေ" "မဟုတ်ဘူး ငါပြောချင်တာက ငါ့ကို ချစ်သူတယောက်လိုချစ်လား" "ဘယ်လိုလုပ်ပြီး.. ငါတို့က မိန်းကလေးချင်းလေ ရီနာ ပြီးတော့ ငါ့မှာ ကောင်လေးရှိတယ်လေ" "နင့်ကောင်လေးကို နင်ချစ်လား" "အဲ့တာကို နင်သိနေသားပဲ" "ဒ...