Part ( 7 ) ( Zawgyi )

769 23 0
                                    

🌥️🌥️🌥️🌥️🌥️

မနက်ခင်းရဲ့နေခြည်နွေးနွေးလေးတွေက ပြတင်းပေါက်ရဲ့
အထက်ကဲလားပေါက်လေးဆီကတဆင့် ကျွန်တော့်
မျက်နှာပေါ်ဖြာကျလာတယ် မျက်လုံးတွေဖွင့်ကြည့်လိုက်
တော့ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ရက် အိပ်ပျော်နေဆဲပဲရှိသေးတဲ့အကို့ကိုတွေ့တယ် အကို့ညာဖက်လက်က
ကျွန်တော့်ဘယ်ဖက်လက်ဖဝါးကို ကိုင်ထားပြီး
အိပ်ပျော်နေတာ ။

"စော နိုးနေပြီလား "

"ဟုတ်ကဲ့ ခုလေးတင်ပဲနိုးတာပါ . . . အကို
အိပ်မောကျနေသေးလို့မနိုးပဲနေတာ နေတောင်ထွက်
ပြုနေပြီ "

"ညက စော အဖျားပြန်တက်လာမဆိုးလို့
စိတ်ပူပြီးတော်တော်နဲ့ ပြန်အိပ်မပျော်ဘူး မိုးလင်းခါနီးမှ
အိပ်ပျော်သွားတယ် "

"အကိုအိပ်ရေးမဝသေးဘူးထင်တယ် ညကကျွန်တော့်ကို
ဆေးကုပေးလို့ကော ဂရုစိုက်ပေးလို့ကော
ကျေးဇူးတင်ပါတယ် "

"ကိုယ် နဲ့ စော ရဲ့ကြားမှာကျေးဇူးတင်စကားတွေမလိုပါဘူးကွာ စော ရန်ကုန်သွားမဲ့ကိစ္စကော မသက်သာရင်နေပါအုံးလား "

"ဟုတ်ကဲ့အကို ဒီတရက်တော့နားလိုက်အုံးမယ်
မနက်ဖြန်မှပဲ သွားလိုက်တော့မယ် စနေနေ့ပဲရှိသေးတာ
ဆိုတော့ရပါတယ် အကိုကျွန်တော့်လက် "

"ဟာ ! Sorry Sorry ညကလေ စောကိုယ်တွေပူလာရင်
ချင်ချင်းသိရအောင်ဆိုပြီး လက်လေးကိုင်ထားမိတာ "

ဟုတ်သည်မဟုတ်သည် အသာထား ယုံအောင်ပြောဖို့
ကအဓိ တကယ်တော့ညတုန်းက စော အိပ်မောကျနေတာကိုကြည့်ပြီးပိုပြီးနီးကပ်ချင်တာနဲ့ ဖက်လုံးလေးကိုကျော်ပြီး
လက်ကလေး ကိုင်ထားမိတာ အခုထိမလွှတ်မိပဲ
စောကအရင်နိုးသွားရတယ်လို့ ။

"ဒီနေ့ စနေနေ့ဆိုတော့စာသင်ကျောင်းလဲ ပိတ်တယ်
အိမ်မှာပဲအေးအေးဆေးဆေး အနားယူလိုက်အုံး
အကို ဆေးခန်းသွားဖို့ပြင်ဆင်လိုက်အုံးမယ်နော် "

"ဟုတ်ကဲ့ အကို"

အိပ်ယာကနေ ထပြီး ရေလဲပုဆိုးပုခုံးပေါ်တင်ပြီးအောက်ထပ်
ကိုဆင်းသွားတဲ့ အကို့ကိုတချက်လှမ်းကြည့်လိုက်ပြီး
ကျွန်တော် ပြန်မှိန်းနေလိုက်တယ် ညကဆေးချိန်
ကြောင့်ထင်ပါတယ် အခုထိခေါင်းမကြည်သေးဘူး ။

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Donde viven las historias. Descúbrelo ahora