အပိုင်း၂၁(Unicode)

179 9 0
                                    

"ကျစ်"

မနက်ရောက်တော့ တစ်ခါမှမသောက်ဖူးတဲ့အယ်ကိုဟောတွေအသောက်ကောင်းမှုကြောင့် လွမ်းတစ်ယောက် ခေါင်းတွေတဆစ်ဆစ်ကိုက်နေသောကြောင့် မျက်လုံးတွေမဖွင့်ခင်ကတည်းက ညည်းညူးမိလိုက်သည်။

"ငါ့အိမ်ကို ဘယ်လိုရောက်လာတာလဲ"

မနေ့ညက အယ်ကိုဟောလေး၄ခွက်လောက်သောက်ပြီးတော့ လွမ်းတစ်ယောက် ဘာမှမမှတ်မိတော့ပေ။

"ကြည့်ရတာ တုနှိုင်းကာရံလိုက်ပို့တာထင်တယ် နောက်ရက်ကျမှ ကျေးဇူးတင်စကားပြောရမယ်"

ဒီနေ့သူ့ရဲ့၁လဝန်ထမ်းလုပ်တာ နောက်ဆုံးရက်ဖြစ်သလို သူ့တာဝန်ယူထားတဲ့အပိုင်းကို အကိုအမတွေကို ပြန်အပ်ပြီးနှုတ်ဆက်ကာ အိမ်ပြန်လာရမည်ဖြစ်သည်။သဘက်ခါဆို ဒယ်ဒီရဲ့လုပ်ငန်းတွေအကုန် လွမ်းကို လွှဲပြောင်းပေးတော့မည်ဖြစ်၍ ဒီနေ့ခနတာ Companyသွားပြီးမနက်ဖြန်လည်း အနားပေးထားသည့်အတွက် သူ့ကိုလွှဲပြောင်းပေးတဲ့နေ့ကျမှသာ Companyကို သွားရမည်။

"လန်းဆန်းသွားအောင် ရေချိုးပြီး Companyကို သွားရအုံးမယ်"

ပြောရင်း ရေချိုးခန်းထဲဝင်သွားသော လွမ်း။

"သားနက်ရော Fire Companyကို မဦးစီးသေးဘူးလားကွာ"

"ကျွန်တော်လည်း မကြာခင် ဦးစီးတော့မှပါ ခုတော့ လွတ်လွတ်လပ်လပ် ခနနေချင်သေးတယ် အန်ကယ်ကောင်း"

"ဟားဟား အေးပါကွာ "

လွမ်း အိမ်အောက်ထပ်ဆင်းလာတော့ ဧည်ခန်းထဲတွင် ဒယ်ဒီရဲ့သဘောကျရီမောနေတဲ့အသံအပြင် ဟိုဂဏန်းကောင်အသံကို ကြားလိုက်ရသည့်အတွက်ကြောင့် သူများအိမ်ကို စောစောစီးစီးဘာလာလုပ်လဲမသိပေ။

"ဟော သားလွမ်း နိုးလာပြီလား"

သူ့ဆင်းလာတာမြင်တဲ့ မာမီကနေ လှမ်းမေးလာလေတော့။

"ဟုတ် မာမီ သားနည်းနည်းနောက်ကျသွားတယ်"

"မနက်စာစားတော့မလား"

"မစားတော့ဘူး မာမီ Companyကို သွားဖို့အတွက် နောက်ကျနေပြီ"

"သားလွမ်း ဒီနေ့တာဝန်ယူထားတဲ့လုပ်ငန်းတွေပြန်အပ်ရမှလား"

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Where stories live. Discover now