"အခြေနေတွေတည်ငြိမ်သွားတဲ့ထိ ငါစီစဥ်
ပေးထားတဲ့နေရာမှာပဲ ဇာတ်မြှုပ်နေလိုက် J"K စားပွဲပေါ်သို့စာအိတ်တစ်လုံးပစ်ချပေးရင်းက
ပြောသည်။
ထိုင်ခုံပေါ်လျော့ရဲရဲထိုင်ကာ
စားပွဲပေါ်ကိုခြေထောက်နှစ်ဖက်တင်ထားသည့်
Jက ဆေးလိပ်မီးညှိကာမီးခြစ်ကိုစားပွဲပေါ်သို့ပစ်တင်လိုက်သည်။ထို့နောက်ဆေးလိပ်ကိုတစ်ချက်ဖွာရှိုက်
ကာK ကို့မော့ကြည့်လာသည်။"ငါအားလုံးစီစဥ်ထားပြီးပြီ
လောလောဆယ်တော့ဒီနိုင်ငံကထွက်သွားလို့ရဦး
မှာမဟုတ်ဘူး၊ပြီးတော့ဒီကောင်တွေကအနံ့ခံ
ကောင်းတယ်""ငါနင့်ကိုဘယ်လိုယုံရမှာလဲ"
"ငါကနင့်အစ်ကိုလေJ
ဒီအတောအတွင်းဘာပြဿနာမှထပ်မရှာပဲ
ငြိမ်ငြိမ်လေးနေပေးရုံပဲ၊ နင်မမေ့ဖို့ကငါတို့ကိုလို
ချင်နေတာတစ်ဖွဲ့ထဲမဟုတ်ဘူးဆိုတာပဲ""နင်သာကိုယ့်ဘာသာကိုယ်ဂရုစိုက်ပါ"
Jထိုင်ရာမှထကာစားပွဲပေါ်ကမီးခြစ်ကိုယူ၍အင်္ကျီ
အတွင်းအိတ်ထဲသို့ထည့်လိုက်ပြီး
စာအိတ်ကိုကောက်ယူကာလှည့်ထွက်လာခဲ့သည်။"ငါကိုယ်တိုင်နင့်ကိုပြန်လာခေါ်မယ် J
မင်းတို့သူ့ကိုစီစဥ်ထားတဲ့နေရာထိလိုက်ပို့ပေးလိုက်""ဟုတ်ကဲ့အစ်ကိုကြီး"
"သြော်...Yang Sehyung ကိုတခြားကိစ္စတစ်ခု
အတွက်ခိုင်းထားတယ်..လောလောဆယ်တော့
သူအားမှာမဟုတ်ဘူး""ဘာ!"
........
နံစော်လွန်းသည့်အနံ့အသက်တွေကြောင့်သူမနှာ
ခေါင်းကိုလက်ဖြင့်ပိတ်လိုက်သည်။
အမှိုက်ပုံးတွေရှိပေမယ့်အမှိုက်တွေပြည့်လျှံနေကာ
လမ်းမထက်ပြန့်ကြဲနေသောအမှိုက်တွေကိုကြည့်
၍သူမစုတ်တစ်ချက်သပ်လိုက်သည်။"မမလေးနေရမယ့်နေရာကဟိုးကတိုက်ခန်းမှာပါ"
သူမ မယုံနိုင်ဟန်ဖြင့်သူ့ကိုလှည့်ကြည့်လိုက်သည်။
ထို့နောက်စည်သွပ်ဗူးခွံတစ်ခုကိုအားဖြင့်ကန်၍"ရှီးတဲ့မှ...Kim Kibum...."
အံကိုခပ်တင်းတင်းကြိတ်၍အစ်ကိုဖြစ်သူနာမည်
ကိုရေရွတ်ကာပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်သည်။
ဒီလောက်ညစ်ပတ်စုတ်ချာသည့်နေရာမျိုးမှာနေဖို့
စီစဥ်ခဲ့သည်တဲ့လား။
ထိုနေရာမှာရပ်နေစဥ်လေအဝှေ့ကြောင့်အနံအသက်
တွေကနှာခေါင်းထဲလုံးဝင်လာကာပျို့တက်လာ
သည်။