Story 6

2.4K 143 5
                                    

Unicode
................

''ညဥ့်ရိပ်... ငါမင်းကိုမေးစရာရှိတယ်''

''မေးလေ...''

''မင်းမှာ အယ်လ်ဖာရှိတယ်မလား''

''ဟမ်...မင်းဘာကိုပြောတာလဲ။ ငါ့မှာဘယ်ကအယ်လ်ဖာရှိရမှာလဲ ''

''မင်းငါ့ကိုမလိမ်ပါနဲ့။ မင်းဗိုက်ထဲက ကလေးအဖေက ဘယ်သူလဲ''

''ကလေး???? ဘယ်က ကလေးလဲ''

''မင်းမှာ ကိုယ်ဝန်ရှိနေပီ နှစ်လတောင်ကြာနေပီ။ မင်းရဲ့အယ်လ်ဖာက ဘယ်မှာလဲ''

''ကိုယ်... ကိုယ်ဝန်... ငါ...ငါကလေ''

လရိပ်ချို မနေနိုင်စွာ မေးမိတော့ လင်းလက်ကခေါင်းငြိမ့်ပြလာတယ်။ လရိပ်ချို ခေတ္တမျှငြိမ်နေမိသည်။ သူ့မှာ ကိုယ်ဝန်ရှိနေပီတဲ့လေ။ ပီးတော့ လေးလအကြာမှ ရှိလာတဲ့ မ...မဒိန်းကောင်ရဲ့ ကလေး။ သူမေ့ထားမိတာကြာပီဖြစ်တဲ့ သူရဲ့ကလေး။

သူ..ဘာဆက်လုပ်ရမှာလဲ။ သူအမည်မသိရတဲ့ အယ်လ်ဖာကြီးနဲ့ ရတဲ့ကလေး သူ့မှာရှိနေပီလေ။ အဲ့လူကြီးကကော သူ့ကိုလက်ခံနိုင်မည်တဲ့လား။ သူ့လို အိုမီဂါကိုလေ။ပီးတော့ သူ့ရဲ့ကလေးကိုကော။ သူဘာဆက်လုပ်သင့်လဲ မသိတော့။

''ညဥ့်ရိပ်...ညဥ့်ရိပ်???''

လရိပ်ချို တွေဝေနေရင်း လင်းလက်ခေါ်တော့မှ အသိပြန်ဝင်လာတော့သည်။

'' ......''

''ငါခေါ်နေတာလေ... မင်းစိတ်တွေဘယ်ရောက်နေတာလဲ''

''ဟမ်... အင်း... ဒီတိုင်းပဲ''

''ငါမေးတာဖြေဦးလေ''

''ငါမသိဘူး''

''ဘာ...!!! နင်မသိတော့ အဲ့ဗိုက်ထဲကဟာက ဘယ်ကောင့်ဥလဲဟဲ့''

''ဟမ်... အာ.. ဘယ်ကောင့်ဥမှမဟုတ်ပါဘူး''

'' အာ့ဆို လေဥကြီးလားပြော။ မင်းရဲ့အယ်လ်ဖာဘယ်မှာလဲ။ ဘာလဲ မင်းကိုတာဝန်မယူချင်လို့ ထွက်ပြေးသွားတာလား။ ပြော.. သူအခုဘယ်မှာလဲ... ငါကိုယ်တိုင်သွားသတ်မယ်''

''မဟုတ်ဘူး.. ငါတကယ်မသိတာပါကွာ။ သူ့နာမည်တောင်ငါမသိဘူး''

လရိပ်ချို စိတ်အေးအေးထားကာ လင်းလက်မောင်ကို ဖြစ်သမျှအကြောင်းစုံကိုပြောပြလိုက်တော့သည်။ လင်းလက်ကတော့ အံ့သြဒေါသထွက်ကာ လရိပ်ချိုလက်မောင်းကို ခပ်ဆတ်ဆတ်လေးရိုက်တော့သည်။

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedWhere stories live. Discover now