"ငါတော့ နို့စားနွားမွေးပေးရတော့မယ်ထင်တယ်ဂျိန်းငယ်"
ရင်ခွင်ထဲကနေ နို့သောက်နေရင်း မျက်လုံးလှန်ကြည့်ပြီး လူကိုမျက်စောင်းသေးသေးလေးက ထိုးလိုက်သေးတယ်
"အဲ့မျက်စောင်းသေးသေးလေးတွေကလည်း ငါ့ကို ဘယ်လိုတွေတောင် အသည်းယားရအောင် လုပ်နေလဲဆိုတာ သိရဲ့လား အကောင်ပေါက်ကလေးရဲ့"
လို့ပြောပြီး နှာခေါင်းလုံးလုံးလေးကို ညှစ်လိုက်မိတယ်"ဆူးရယ် နို့လေးသောက်တာ ကောင်းကောင်းမသောက်ရဘူး ပြောနေလိုက်တာ
ဒီဟာက ရိုးရိုးနွားနို့မဟုတ်ဘူး ဒိန်ချဉ်ဟဲ့""မသိပါဘူး ငါ့ထက် အရပ်များ ရှည်လာမလားဆိုပြီး ဂျိန်းကနေ့တိုင်းနွားနို့ကို မနက် ည သောက်နေတာလားလို့လေ"
"ကြိုက်လို့သောက်တာကို ဒီအရွယ်ကျမှ အဲ့အရပ်ကရှည်လာပါတော့မလားဟ အသက်ပဲ ၂၀ နားကပ်နေပြီကို"
"စာထဲမှာက ၂၅နှစ် ထိရှည်နိုင်သေးတယ်ဆို"
"ဆူးရယ် ဂျိန်းအရပ်ဆို ၁၈နှစ် ကတည်းက မတက်လာတော့တာပါ ဟားဟား ဆူးလည်းတူတူပဲနော်"
ဂျိန်းဟာ ဆူးအနားရှိချိန်တိုင်း အမြဲတမ်း အရိုးမပါတဲ့ သတ္တဝါလိုပဲ မှီတွဲပြီးကပ်နေတတ်တာ
ဆူးကလည်း တစ်ခါမှကို မငြိုမငြင်
သဘောအကျကြီးကျနေတတ်တာ"ကျောင်းမြန်မြန်ပြီးချင်ပြီဆူးရယ်"
"အလုပ်လုပ်ချင်နေပြီပေါ့"
"မဟုတ်ပါ ဘူး စာမကျက်ချင်တော့လို့ ဟီး"
"ကျောင်းပြီးရင်တော့ အလုပ်ကလုပ်ရတော့မှာပေါ့ဂျိန်းရယ်"
"သိပါတယ်နော်"
"ဟဲ့ နင်တို့နှစ်ယောက်ကို ကြည့်ရတာ မျက်စိနောက်လိုက်တာ အမြဲတမ်း တောက်တဲ့ကပ်သလို ကပ်နေတဲ့ ဂျိန်းရယ် မကပ်မှာကြောက်တဲ့အလား ဆွဲဆွဲကပ်နေတဲ့ ဆူးရယ် ကြည့်ရတာ အမြင်ကိုမတော်ဘူး"
"ဘာဖြစ်လဲ မတော်ရင် မကြည့်နဲ့ပေါ့"
"ဟဲ့ စာသင်ခန်းထဲမှာတော့ လူတိုင်းမြင်နေရတယ်လေ တကတည်း ဒီနေ့မှ ငါ့ရဲ့ နှင်းဆီလေးကလည်း ကျောင်းမလာဘူး"