အပိုင်း ၃၅၈ လီဇီကိုသုတ်သင်ခြင်း၊ သားရဲဝိညာဥ်အဆီအနှစ်

463 48 0
                                    

အပိုင်း ၃၅၈ လီဇီကိုသုတ်သင်ခြင်း၊ သားရဲဝိညာဥ်အဆီအနှစ်၊ ကျောက်သမုဒ္ဒရာမျှော်စင်၏ တုံ့ပြန်မှု...

   '' ငါ့ဝိညာဥ်...ငါ့ပညာရှင်စိတ်ဝိညာဥ်က နောက်တစ်ကြိမ်ထပ်ပြီး ဆွဲထုတ်ခံရတော့မယ်...''

'' မဟုတ်ဘူး...''

   ခေါင်းကိုးလုံးမြွေနဂါး၏ ကျန်ဦးခေါင်းများက ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

ခေါင်းကိုးလုံးမြွေနဂါး၏ စိတ်ဝိညာဥ်သည် တစ်ခါဆွဲထုတ်ခံထားရပြီးဖြစ်ကာ ခေါင်းကိုးလုံးမြွေနဂါးပုလဲအဖြစ် သန့်စင်ခံခဲ့ရသည်။သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်ကိုအတင်းအကျပ်ပေါင်းစပ်ထားခဲ့သော်လည်း အပြည့်အဝပေါင်းစပ်နေခြင်းမဟုတ်သည့်အပြင် ချူခွမ်းရန်ကြောင့်လည်း ဒဏ်ရာပြင်းထန်စွာရနေသေးသဖြင့် သူက မိမိ၏ဝိညာဥ်ကိုအပြည့်အဝမထိန်းချုပ်နိုင်သေးပေ။

  ထို့ကြောင့်သူက ဝိညာဥ်နှုတ်သူကိုခုခံရန် အားမရှိချေ။

  ဝိညာဥ်နှုတ်သူက ခေါင်းကိုးလုံးမြွေနဂါး၏ ကြီးမားသောစိတ်ဝိညာဥ်ကို သူ၏ ခန္ဓာကိုယ်ထဲမှ ရက်စက်ကြမ်းကြုတ်စွာ ဆွဲနှုတ်လိုက်သည်။

   ချူခွမ်းရန်က သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအားများကို ဝိညာဥ်နှုတ်သူက များစွာစုပ်ယူနေသည်ကို သတိထားမိသည်။ခဏအကြာတွင် သူ၏ဝိညာဥ်စွမ်းအား ခြောက်ပုံတစ်ပုံမှာ ကုန်ဆုံးသွားလေပြီ။

   '' ဝိညာဥ်နှုတ်သူကို သုံးရတာက ဝိညာဥ်စွမ်းအားတွေအများကြီး ကုန်ဆုံးစေတယ်...''

    ချူခွမ်းရန်က တွေးလိုက်သည်။သူက အဓိပတိမြင့်မြတ်သခင်ဖြစ်ပြီး ခေါင်းကိုးလုံးမြွေနဂါးမှာ ကြီးမြတ်သောပညာရှင်ဖြစ်၏။ထိုအဆင့်ဝိညာဥ်ကို ဝိညာဥ်နှုတ်သူဖြင့် ဆွဲထုတ်ရခြင်းက သူ့ကိုမောပန်းစေသည်။

သူသာ သာမန် မြင့်မြတ်သခင်တစ်ဦးဖြစ်နေလျှင် ခေါင်းကိုးလုံးမြွေနဂါး၏ ဝိညာဥ်ကိုဆွဲထုတ်နိုင်ရန်မသေချာပေ။

   ခေါင်းကိုးလုံးမြွေနဂါးသည် အစပိုင်းတွင်ရုန်းကန်နေသော်လည်း နောက်ဆုံးတွင် ၄င်း၏ခန္ဓာကိုယ်မှ အလင်းများတောက်ပလာ၏။ ထူးခြားဆန်းကြယ်သော ရုန်းသင်္ကေတများက ၄င်း၏ဝိညာဥ်ပေါ်ခတ်နှိပ်လာပြီး နောက်ဆုံးတွင် စက်လုံးပုံသဏ္ဍာန်ပြောင်းလဲသွားပြီး ၄င်း၏ဝိညာဥ်ကို အထဲတွင်ပိတ်ဆို့လိုက်၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Onde histórias criam vida. Descubra agora