အပိုင်း(102) uni&zgi

505 27 1
                                    


The legend of the blue sea

အပိုင်း(102)

ကောင်းကင်ပေါ်ကနေ တရှိန်ထိုးပြုတ်ကျလာတဲ့တိုင်တန်ခရင်းခွလေးဟာ နန်းရင်ပြင်ပေါ်ကိုအရှိန်ပြင်းစွာပြုတ်ကျသွားလေတယ်

ရီနာနာမြေပြင်ပေါ်မရောက်ခင် ဖမ်းလိုက်ချင်ပေမဲ့ သူမရောက်တော့နောက်ကျသွား‌ေလပြီ

"အားးးးးးးးးး ရတနာလေးးးးး "

ရီနာနာ နှလုံးသားတခု အသည်းတခုနှလံုးသားတခုလုံးစုတ်ပြတ်သတ်သွားလေတယ် သူမ သမီးလေး ရတနာလေး ဟုန်ဟုန်ဟာ အခု.....
အခုတော့ ........ သေသွားခဲ့ပြီ

"ရတနာလေး  အားးးး ရတနာလေး အဟင့် အဟင့် မဖြစ်ရဘူး မေ့မေ့ကိုမထားခဲ့ပါနဲ့ သမီးရယ် "

သူမ ကျိုးကြေနေတဲ့တိုင်တန်ခရင်းခွ‌ရဲ့အပိုင်းအစတွေကိုလက်နဲ့ကုန်းကောက်ပြီး အရူးတပိုင်းနဲ့ သိမ်းဆည်းနေမိတယ်

သူမ အော်ငိုနေတာ ကျယ်ကျယ်လောင်လောင်ကိုအော်ငိုနေတာ ရီနာနာဆိုတာက အရမ်းကိုအေးတဲ့ကလေးလို့ပြောလို့ရတယ် ကြီးမားတဲ့ကိစ္စဖြစ်ခဲ့ရင်တောင် သူမပြသတဲ့အကြီးမားဆုံးတုန့်ပြန်မူ့က မျက်ရည်ကျတာမျိုး ဒါမှမဟုတ် မေ့မျောသွားတာမျိုး ရက်ပေါင်းများစွာအိပ်နေတာမျိုးပဲ တနည်းပြောရရင် သူမကအုံ့ပုန်းလေးပဲပေါ့

အခုတော့ ရီနာနာက ကျယ်လောင်အော်ငိုနေတယ် မျက်ရည်တွေများစွာကျပြီး သူမကိုယ်သူမ ထပ်မထိန်းထားတော့ပဲ ဖွင့်ထုတ်လာတယ်

ဝိုလျန်းက ရီနာနာကိုရင်ခွင်ထဲထည့်ကာ ကျောပုတ်နှစ်သိမ့်ပေးပေမဲ့ သူမကဘယ်လိုအစားထိုးပေးနိုင်မှာလဲ က‌လေးတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကိုသူမအသိဆုံးမို့ ဝိုလျန်းကိုယ်ချင်းစာ‌နိုင်တယ်

ရီနာနာ ငိုနေရင်းနဲ့ ကောင်းကင်မင်းကြီးကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်တယ်

"ပြန်လျော်ပေး ရှင်ကျွန်မသမီးကိုသတ်ခဲ့တယ် ဒါကြောင့် တူညီတဲ့တန်ဖိုးကိုပြန်ပေးဆပ်ရလိမ့်မယ် တစ်ယောက်ထဲမဟုတ်ပဲ ရှင့်မှာရှိတဲ့သားသမီးအားလုံးကို တစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီကို ရှင့်‌ေရှ့မှာပဲသတ်ပြမယ် ကောင်းကင်မင်းကြီး ရှင့်မျက်ရည်မကျစေနဲ့"

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalOù les histoires vivent. Découvrez maintenant