အပိုင်း(13)uni&zgi

671 27 0
                                    


လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(13)

"တောင်းပန်ပါတယ် ကြာသွားတယ် "

"ရပါတယ် ကျွန်မလဲ အလုပ်မရှိပါဘူး စောင့်နိုင်တယ် "

တကယ်က သူမ ကုမ္ပဏီကိုမသွားတော့တာ

သူမအဖေကလဲ အိမ်ကထွက်သွားလောက်ပြီဆိုတော့ သူမအဖေရဲ့ကုမ္ပဏီကိုပဲလိုက်သွားလိုက်တော့မယ်

အဲ့လိုနဲ့

သူမတို့ နန့်ဟန်ရေကန်ကနေပြန်လာခဲ့တယ်

အပြန်ခရီးကတော့ ကားထဲမှာတော်တော် ငြိမ်သက်နေခဲ့တယ်

သူမကလဲ သူမရဲ့အတွေးနဲ့သူမ

သူကလဲ ဘာလို့လဲမသိ ငြိမ်သက်လို့နေတယ်

သူမ သူတို့သားအမိကို အိမ်ရှေ့မှာချပေးပြီးတော့ သူက သူ့အမေကိုပိုးလိုက်ကာ

"ကျေးဇူးတင်ပါတယ် "

"ရပါတယ် အချင်းချင်းတွေပဲ အားနာဖို့မလိုပါဘူး "

သူ့ရဲ့ကျောပြင်‌ပျောက်သွားတဲ့အထိ သူမကြည့်နေပြီးမှ ကားကိုပြန်မောင်းလာခဲ့တယ် သူမနှလုံးသားထဲ ပြောမပြတတ်တဲ့ခံစားမူ့က ရေလိုစီးဆင်းလို့နေတယ်

ပင်ကိုယ်အသိစိတ်က ရပ်တန့်ချင်ပေမဲ့ မသိစိတ်မှာ တိတ်တိတ်လေးပုန်းအောင်းနေတဲ့ ကြည်နူးခြင်းတွေကလဲ သူမစိတ်ကိုလွန်ဆွဲ‌ေနကြတယ်

သူမက အဖေနဲ့မတည့်ဘူး

မတည့်ဘူးဆိုတာကလဲ သူမအမေဆုံးသွားတာမကြာသေးတဲ့အချိန်မှာ နောက်မိန်းမကိုအိမ်ပေါ်ကောက်တင်ပြီး ဘယ်အချိန်က‌ ‌ေကာက်မွေးထားမှန်းမသိတဲ့ ကလေးတွေကပါ အိမ်ပေါ်ကို မုသခင်လေး မုသခင်မလေးဆိုတဲ့ဘွဲ့ထူးတွေနဲ့ အခန့်သားတက်ထိုင်လာကြတယ်

ဒီလောက်ကြီးမားတဲ့ကလေးနှစ်ယောက်ကို ဖွက်ပြီးမွေးထားတဲ့ မုသခင်ကြီးရဲ့ခြေလှမ်းပျက်မူ့တွေကို သူမအမေကမသိပဲနေမလား

ယောကျာ်း‌တစ်ယောက်ကို မိန်းမအများကြီးပေါင်းရမယ်ဆိုတဲ့အယူအဆဟာ ရှေးခေတ်မှာကျန်နေခဲ့တာ နှစ်ပေါင်းသုံးထောင်လောက်ရှိနေပြီ

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now