Part...11

728 46 12
                                    

For Unicode

ဂျောင်ကုမှာ အိပ်ယာပေါ်ကနေ ထိုင်လိုက်ထလိုက်ဖြစ်ကာ ထယ်ယောင်းအလာကိုမျှော်နေပါသော်လည်း ရောက်မလာတာကြောင့် အပြင်ကိုထွက်ရှာရသည်။

တွေ့ပါပြီ။ဧည့်ခန်းက ခုံရှည်ပေါ်မှာ မှောက်ယက်အနေအထားနဲ့ အိပ်စက်နေတဲ့ ဒီလူ့Amber။TVကလည်း ဖွင့်လျက်အနေအထားနဲ့ရှိနေတုန်းဆိုတော့ TVကြည့်ရင်းအိပ်ပျော်သွားတာဖြစ်ရမည်။

ထယ်ယောင်းအိပ်နေသည့်ခုံရှည်၏ဘေးခုံတွင် ဂျောင်ကုနေရာယူလိုက်သည်။
မှောက်ယက်အိပ်နေတာဖြစ်လို့ ခေါင်းအုံးပေါ်ကိုအပ်ထားတဲ့ မျက်နှာမှာ ပါးလေးက ဖောင်းထွက်လို့။အပေါ်ဘက်အနေအထားကနေ ထိုပါးဖောင်းဖောင်းလေးကို မြင်နေရတာကြောင့် အသည်းတယားယား။

ခေါင်းအုံးတွေကအစရှိပြီး ဧည့်ခန်းထဲနေရာအကျအနယူကာ အိပ်နေသည့် ထယ်ယောင်းပုံစံဟာ အနည်းငယ် ကိုးရိုးကားရားနိုင်လှသည်။

ထိုင်ရာမှထကာ ကြမ်းပြင်ပေါ်သို့ ဒူးတစ်ဖက်ချထိုင်ပြီး Amberမျက်နှာအား ဂျောင်ကုအနီးကပ်ရှုစားနေမိသည်။

လှသည်။သိပ်ကိုလှသည်။
ချောသည်။သိပ်ကိုပြည့်စုံလွန်းတဲ့ သူ့Amberကို ဂျောင်ကု ဘယ်လိုနည်းနဲ့မှ လက်လွှတ်နိုင်မည်မဟုတ်။

နှာတံသွယ်သွယ်အား လက်ချောင်းရှည်တို့နဲ့ ထိတွေ့လိုက်တော့ ယားယံသွားသည်ထင် လက်တစ်ဖက်ယောက်လာပြီး သူ့နှာခေါင်းသူကုတ်နေတဲ​့ Amber။
ဂျောင်ကု အသံထွက်သည်အထိ ရယ်လိုက်မိသည်။

နေပါဦး။သူဒီလိုနေလို့မဖြစ်သေးဘူး။
ဒီနေရာမှအိပ်ရင် Amberသက်သောင့်သက်သာဖြစ်မှာမဟုတ်။အိပ်ရေးမပျက်စေချင်သော်ငြား
နှိုးမှကိုဖြစ်မည်။

"Amber...ကိုယ့်Amber...ခဏထပါဦး မင်းဒီမှာအိပ်လို့မရဘူးလေ..."

နားနားကပ်ကာပြောနေသည့် ဂျောင်ကုရဲ့အသံ။ထိုအသံကြောင့် ထယ်ယောင်းစုတ်သပ်လိုက်မိသည်။မျက်လုံးမပွင့်တစ်ပွင့်နဲ့ မျက်မှောင်ကြုတ်ကြည့်လိုက်မိတော့ ဂျောင်ကုရဲ့ မျက်နှာချောချောအား ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Opowieści tętniące życiem. Odkryj je teraz