TaeGyu ကိုမောင်နဲ့အရမ်းရေးချင်နေလို့ မအားတဲ့ကြားထဲကရေးလိုက်ပါပြီ
YeonBin ကတော့ side couple အနေနဲ့ထည့်ရေးမှာပါ။ ရေးမဲ့ OTP ရော roleတွေရော အတိအကျပြောထားပါတယ်နော်
Characters တွေက psychopath ဆန်တာဖြစ်တာမလို့ အဆင်ပြေမှဖတ်ပါ။“တကယ်ကြီးလားဗျ ကျွန်တော်ကိုတကယ်ကြီး အလုပ်ခန့်လိုက်တာလား”
လျှောက်ထားတဲ့ အလုပ် အခု20လောက် အငြင်းခံထားရပြီး နောက်ဆုံးတစ်ခုကျမှ လွယ်လွယ်ကူကူနဲ့ အလုပ်ခန့်ကြောင်း အကြောင်းကြားသောကြောင့် ချွဲဘောမ်ဂယူး အလွန်ပင် ပျော်မြူးဝမ်းသာနေသည်။
ဝမ်းသာချိန်လေးတောင် ကြာကြာမရလိုက်ရှာဘူး ထုံးစမ်းအတိုင်း အဖေနဲ့အမေရန်ဖြစ်သံကဆူညံ့ပွက်လောရိုက်လာသည်။လူမှန်းသိတတ်စအရွယ်ကနေ 27နှစ်အရွယ်ရောက်တဲ့အထိ ဒီလိုပုံစံကိုကြုံတွေ့ရတာ အမာရွတ်တွေနဲ့နေသားကျနေပါပြီ။ မူးရင်သွေးဆိုးတတ်တဲ့ အဖေနဲ့ လောင်းကစားကိုအင်မတန်မက်မောလွန်းပြီး ရှိတာနဲ့မရောင်ရဲနိုင် လောဘကြီးလွန်းသောအမေ
တို့ကြောင့် မြင်တေွ့ရတဲ့ ရန်ပွဲတွေက အသက်ထက်တောင် ပိုများပါသေးသည်။အိမ်ကနေထွက်မသွားနိုင်တဲ့ တစ်ခုတည်းသောအကြောင်းက ညီမလေးပဲ။ ချွဲယူရီဆိုတဲ့ ကိုကို့နတ်သမီးလေးသာမရှိရင် လောကကြီးကို လက်လျော့လိုက်တာကြာပါပြီ။
“အိမ်ပြန်ရောက်ပြီ”
“အငယ်မ နင့်စကပ်ကဘာလို့အဲ့လောက်တိုနေတာလဲ ငါရိုက်ထလိုက်မယ် တအားလှချင်နေသိလား”
“ကလေးကို အပြစ်မပြောနဲ့ ပိုက်ဆံမရှိလို့ ကျောင်းဝတ်ဆုံအသစ်ယ်မပေးနိုင်သေးတာထည့်ပြောအုန်း”
“ငါပေးထားတဲ့ဟာတွေ လောင်းကစားဝိုင်းမှာသွားသုံးစားပစ်တာ မင်းလေ...ဟိုကလေးမ အဖေပြောနေတာကို ကြည့်စမ်း မသိချင်ယောင်ဆောင်ပြီး ထွက်သွားတယ် မင်းတို့သားအမိတွေ စောက်ချိုးကိုမပြေဘူး”
.....
“ညီမလေး ကိုကို ညနေစာပြင်ထားတယ် ရေချိုးပြီးဆင်းလာခဲ့”
“ဟုတ်ကဲ့ကိုကို .. ကိုကို ပျော်စရာတစ်ခုခုရှိလို့လား”
“ကိုကို interview ဖြေတာအောင်တယ်”
YOU ARE READING
Love in the Criminal {Completed}
Fanfictionမောင်က အချစ်ကြီးသလို အမျက်လည်းကြီးတယ်သဲငယ် မောင်ကလွဲပြီး မင်းကိုဘယ်သူမှမပိုင်ဆိုင်ရဘူး မင်းရဲ့ ပိုင်ရှင်က မောင်ပဲဖြစ်ရမယ်...