" Luhan ရေ ငါရောက်ပီဟေ့ "
ဆောင်းတွင်းမနက်ခင်းအေးအေးမှာ ကွေးလို့ကောင်းနေတုန်း နားထဲတိုးဝင်လာတဲ့ အောက်ထပ်က vocal ပြဲပြဲကြောင့် Luhan စိတ်ရှုပ်သွားတယ်။ ကျွတ် ဘာလာလုပ်တာပါလိမ့် စောစောစီးစီး .....
" Yarr! Luhan ခုထိ အိပ်ရာမထသေးဘူးလား "
Luhan မသိချင်ယောင်ဆောင်ကာ ခေါင်းအုံးအောက် ခေါင်းဝင်ကာ ပြန်ကွေးမလို့ပြင်လိုက်တယ်
" Yarr! သမင်မ နင့်ဘိုးအေ အချိန်ကိုလဲကြည့်ဦး ကျောင်းနောက်ကျတော့မယ်ဟ "
ကြားလိုက်ရတဲ့ စကားကြောင့် Luhan စားပွဲတင်calender ကိုလှမ်းကြည့်မိတော့
Arr .. Maja ဒီနေ့ တက္ကသိုလ်တွေ ကျောင်းစဖွင့်တဲ့ ရက်ပဲ သူတို့ရဲ့ တတိယနှစ် တက္ကသိုလ်ကျောင်းသားဘ၀ရဲ့ ပထမဆုံးနေ့လေးပေါ့။
Luhan " အေး .. အခုထပီ ခဏစောင့် "
Luhan အောက်ထပ်ကို လှမ်းအော်ရင်း ကုတင်ပေါ်မှ အမြန်ထကာ ရေချိုးခန်းထဲ အမြန် ပြေးဝင်သွားလိုက်တယ်။
Luhan အားလုံးပြင်ဆင်ပီး အောက်ထပ်ဆင်းလာတော့ ထမင်းစားပွဲမှာ Omma ပြင်
ပေးတဲ့ မနက်စာကို အခန့်သားဝင်စားနေတဲ့ သူ့ရဲ့ ချစ်သူငယ်ချင်းကြီး Wendy ကိုတွေ့
လိုက်ရတယ်။
Luhan " နင်က ဘာလို့ အေးဆေးထိုင်စားနေရတာလဲ နောက်ကျနေပီ သွားမယ် "
Wendy " နင့်အကြောင်းသိပီးသားမို့ တမင်စောစောလာတာ စောသေးတယ် လာ
ဒီမှာ မနက်စာလာစား ဒါနဲ့ နင့်ခြေထောက်က ထော့နဲ့ထော့နဲ့ နဲ့ ဘာဖြစ် ... "
Luhan " Boya ! နင်ငါ့ကို ဆေးထိုးတာပေါ့လေ ငါ့မှာတော့ နောက်ကျပီဆိုပီး
ကုတင်ပေါ်ကပြေးဆင်းတာ ခြေတောင်ချော်ကျတယ်။ ပီးတော့ ဘာ
သမင်မ ဟုတ်လား အမ မဟုတ်ဘူးဟေ့ အထီးအထီး မယုံရင် လာစမ်း
ကြည့်မလား "
Wendy ခမျာ စကားတောင်မဆုံးလိုက် Luhan အော်သံကြောင့် လန့်သွားပုံရသည်။ ရင်ဘတ်လေးလက်နဲ့ အသာဖိရင်း .....
ŞİMDİ OKUDUĞUN
My Answer Is You
FanfictionHunHan ( Yoai ) One Shot Comedy & Romantic Student Fic I write this fic with Myanmar