Ep 1

628 57 12
                                    

"Sehun ​ရေ Sehun"

Tao Sehun အိမ်​​ရှေ့လာပြီး တ​ကြော်​​ကြော်​​အော်​​ခေါ်​နေ​တော့

Suho မီးဖို​ချောင်​ထဲကထွက်​လာပြီး "သမီး Tao ​ကျောင်းသွားဖို့ သားကို လာ​ခေါ်တာလား  အိပ်​​နေတုန်းထင်​တယ်​"

"Nae သမီးသွားနှိုးလိုက်​ဦးမယ်​ လို့​ပြောပြီး  Sehun Omma Suho ကိုပြုံးပြီးနှုတ်​ဆက်​လိုက်​ပြီး Sehun အခန်းဘက်​​လှေကားအတိုင်းတက်​လာလိုက်​တယ်​"

ဒေါက်​ ​-​ဒေါက်​-​ဒေါက်

"ဟင်​ဘာသံမှလည်း မကြားဘူး"

တံခါးက lock မချထားသဖြင့်​ ဖွင့်​လိုက်​ပြီး ဝင်​လိုက်​​တော့ ခုတင်​​ပေါ်မှာအိပ်​​ပျော်​​နေတဲ့ ကျွန်​မရဲ့မင်းသား​လေး

ကျွန်​မနဲ့ Sehun နဲ့က အိမ်​နီးချင်း​တွေ ပြီး​တော့ ငယ်​သူငယ်​ချင်း ကျွန်​မက သူ့ကို တိတ်​တခိုး ချစ်​​နေရတာ​ပေါ့ သူက ကျွန်​မချစ်​တာ ကိုမသိပါဘူး

သူချစ်​​နေရတယ့်​ သူရှိတယ်​​လေ အဲ့လူက ​သေချာတာ​တော့ကျွန်​မ မဟုတ်​ပါဘူး Boa Unnie တဲ့​လေ Boa Unnie က နာမည်​ကြီး အဆို​တော်​တစ်​​ယောက်​ပါ Sehun မိဘ​တွေ နဲ့ Boa Unnie မိဘ​တွေ က လူချင်းရင်းနှီးကြတယ်​​လေ

ကျွန်​မ အိပ်​​ပျော်​​နေတဲ့ သူ့ရဲ့ အပြစ်​ကင်းစင်​တဲ့ မျက်​နှာ​လေးကို ​ငေးကြည့်​​နေမိတယ်

သူအိမ်​မက်​မက်​​နေတာလား မျက်​ခုံးကြီးရှုံပြီး ပါးစပ်​ကလည်း ပွစိပွစိ ​ယောင်​​နေတယ်

ကျွန်​မ သူ့မျက်​ခုံးကြား​လေးကို လက်​ညှိုးနဲ့ ​ထောက်​လိုက်​တယ်​----

သူလည်းမျက်​ခုံး​လေး​တွေ လှုပ်​ပြီးနိုးလာတယ်

"အင်းးးးး​Tao လား ဘာလုပ်​​နေတာလဲ"သူအိပ်​ချင်​မူးတူးသံနဲ့ အပျင်းဆန့်​ရင်း​ပြောလိုက်​​တော့

"အင်း ​ကျောင်းသွားဖို့ နင့်​လာ​ခေါ်တာ​လေ အိပ်​ပုတ်​ရဲ့ ထ​တော့​နောက်​ကျ​တော့မယ်​ "

"ဪ​အင်း ဟုတ်​သား ညတုန်းက အိပ်​တာ​နောက်​ကျသွားလို့ ပြီး​တော့နင့်​ကိုဝမ်းသာစရာ​ပြောရဦးမယ်​ ငါ့ကို Boa ကအ​ဖြေပြန်​​ပေးလိုက်​ပြီ ငါ့ကိုချစ်​တယ်​တဲ့ "

You've reached the end of published parts.

⏰ Last updated: May 17, 2015 ⏰

Add this story to your Library to get notified about new parts!

Growing Pains (Hztaosh)Where stories live. Discover now