အေးအရိပ်တစ်ယောက် မိုးရေထဲ ကားလေးကိုမောင်းထွက်လာသည်မှာ အတော်ကြာပြီဖြစ်သည်။လူရှင်းနေသည့် ပဲခူးမြို့၏ လမ်းမကြီးတစ်လျှောက်လုံး သူ့ကားဘီးရာများသာ ထပ်လာသော်လည်း လွင်ပြင့်အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့...
ညဆယ့်တစ်နာရီခန့်အချိန်မို့ ပဲခူးမြို့၏လမ်းမထက်၌ပင် လူသွားလူလာ ကင်းရှင်းသလောက် ရှိနေလေပြီ။
အေးအရိပ်၏ ကားလေးအပါအဝင် ကားအနည်းငယ်သာ ဖြတ်သွားဖြတ်လာရှိတော့သည်အထိပင်...
အေးအရိပ် ကားမောင်းနေရင်းမှ လွန်ခဲ့သောတစ်နာရီခန့်က အဖြစ်အပျက်ကို ပြန်မြင်ယောင်လာမိ၏။
ဒယ်ဒီနှင့်စကားပြောပြီးနောက် အရိပ်အခန်းထဲဝင်လိုက်ချိန် လက်ထဲမှဖုန်းလေးကမြည်လာသည်။
နာမည်မှတ်မထားသည့် နံပါတ်စိမ်းဖြစ်သော်လည်း အရိပ်၏ personal ph noကို ရင်းနှီးသူအချို့ကိုသာ ပေးထားဖြစ်သည်မို့ ချက်ချင်းကိုင်လိုက်သည့်အခါ
" ဟဲလို မောင်အေးအရိပ်လား "
အချိန်ခဏသာ စကားပြောခဲ့ရသော်လည်း အရိပ်က အသံခွဲခြားနိုင်စွမ်းကောင်းမွန်သူမို့ လွင်ပြင့်ဒယ်ဒီဖြစ်ကြောင်း သတိထားမိလိုက်ရသည်။
ညနေကမှ သူ့ visiting cardကိုပေးခဲ့တာဆိုပေမဲ့ ဘာလို့များ အခုညတွင်းချင်း ဖုန်းဆက်နေပါလိမ့်...
" ဟုတ်ကဲ့ ကျွန်တော် အေးအရိပ်ပါ အန်ကယ်လ်ဦးချစ်မင်းဈာန် ဟုတ်ပါတယ်နော် "
" ဟုတ်ပါ့ဗျာ အန်ကယ်လ်ပါ ဒါထက် သားကြီးက သားဆီရောက်နေသလား "
ဦးချစ်မင်းဈာန်၏အမေးကြောင့် အရိပ်ရင်ထဲ ဒိန်းခနဲဖြစ်သွားရ၏။
သူ့ကို ဘာအတွက်ကြောင့် လွင်ပြင့်အကြောင်း လာမေးနေရတာပါလိမ့်...
မဟုတ်မှ သူနှင့် လွင်ပြင့်အကြောင်းကိုများ ဦးချစ်မင်းဈာန် သိသွားလေသလား...
အိမ်ကသိသွား၍ လွင်ပြင်သာ သူ့ဆီရောက်လာလျှင်လည်း သူကတော့ အချိန်မရွေး ကြိုဆိုရန်အသင့်ပင်။
သို့သော် ဦးချစ်မင်းဈာန်အသံက ဒေါသသံမပါသည်မို့ ထိုသို့လည်းဟုတ်ဟန်မတူ...
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...