ရည်းစားဟောင်း

1.2K 87 0
                                    

Unicode

စကားပြော= "...."
အတွေး      =  '....'

Unicode

2010 ခုနစ်၊ အထက်တန်းကျောင်းနောက်ဆုံးနေ့

.

"ဝမ်ရိပေါ် ကိုယ်တို့.....အာ..မလုပ်နဲ့လေ"

"နောက်ဆုံးနေ့မှာ ဒီလိုလေးပျော်ကြရအောင်လေ ကော~"

ဆွဲဆွဲငင်ငင်အသံလေးနဲ့ ရေဘူးထဲကရေတွေကို လိုက်ပတ်နေ့တဲ့ ချစ်ဦးသူကို ပြုံးရင်းသာစိုက်ကြည့်နိုင်တော့တယ်။ကျန်တာတွေနောက်ထား အခုတော့ ပျော်ရအောင်

"မင်းလေး လာခဲ့စမ်း! ကိုယ်လည်းပြန်ပတ်မယ်"

သူ့လက်ထဲကရေဘူးကို လိုက်လုပြီးရေပြန်ပတ်ဖို့လုပ်တော့ အလည်လေးကပတ်ပြေးတယ်။ကျောင်းဝန်းကျယ်ကြီးထဲ ဟိုတစုဒီတစုနဲ့ပျော်ရွှင်စွာရေကစားနေကြတဲ့ကျောင်းသားတွေကလည်းအများအပြား အဲ့ထဲကမှ ကျောင်းဝန်းကိုပတ်ပြေးနေတဲ့ သူတို့နှစ်ယောက်ရဲ့အသံက အကျယ်ဆုံးပေါ့.......

_____________



______________

2018ခုနစ်၊ လက်ရှီကာလ

ကော်ဖီဆိုင်တခုတွင်

"အကိုရှောင်ကျန့် စောင့်ရတာကြာသွားပြီလား"

"မကြာသေးပါဘူးဗျ"

လက်ဆွဲနှုတ်ဆက်ရင်း ထိုင်ခုံနေရာကိုယ်ဆီမှာထိုင်လိုက်တဲ့ လူနှစ်ယောက်
ခန့်ညားချောမောလွန်းတဲ့ ထိုနှစ်ယောက်ဟာ ဆိုင်ထဲစဝင်လာကတည်းက လူအများရဲ့ အာရုံစိုက်ခြင်းကိုခံရတယ်။

အထူးသဖြင့်မှည့်နက်လေးရဲ့ပိုင်ရှင်ကောင်လေး
အရမ်းကိုဆွဲဆောင်မှုရှီတာမို့ ဆိုင်ထဲက ကောင်မလေးတချို့မှာ ထိုင်မရ၊ထမရ ဟိုရွှေ့ ဒီရွှေ့နဲ့လည်ပြန်ငေးနေကြတယ်။

မှည့်နက်ပိုင်ရှင်လေးကတော့ နေသားကျနေသလို

"ဒီမှာ အလုပ်နဲ့ ပတ်သတ်တဲ့အချက်အလက်တွေပါ အကို လိုအပ်တာရှီလား စစ်ကြည့်ပေးပါအုံး"

မျက်နှာချင်းဆိုင်ထိုင်ရင်း အလုပ်အကြောင်းဆွေးနွေးနေတဲ့ ကောင်လေးနှစ်ယောက်က ပတ်ဝန်းကျင်ကိုမေ့လို့ အလုပ်ဂျပိုးလေးလို့ တင်စားလို့ရတဲ့ ရှောင်ကျန့်ဆိုတဲ့ မှည့်နက်ပိုင်ရှင်လေးကလည်း အချက်အလက်ဖိုင်တွဲကိုသာ စူးစိုက်ကြည့်လျက်

One shot..... only Zhanyi!!Where stories live. Discover now