Be My Juliet (Alternate Ending)

139 16 12
                                    

Unicode

Oh အိမ်တော်ထဲဝင်လိုက်တာနဲ့ ထင်ထားတဲ့အတိုင်းပဲ Oh ပါပါးနဲ့အတူ Kim သခင်ကြီးက Oh အိမ်တော်ရဲ့  ဧည့်ခန်းကျယ်ကြီးမှာ Sehun နဲ့ Jonginတို့ကိုထိုင်စောင့်နေကြတာ တွေ့လိုက်ရတော့တယ်။

Oh ပါပါးကို Sehun တွေ့လိုက်ရတော့ ကိုယ့်အဖေအရင်းဖြစ်သော်လည်း ဒီလိုအချိန်ကျကြောက်ရွံ့မိပြန်သည်။ အနည်းငယ်တုန်ယင်နေတဲ့ Sehun လက်တွေကို Jongin က ဆုပ်ကိုင်လိုက်ပြီး Oh ပါပါးနဲ့ Kim သခင်ကြီးကိုရင်ဆိုင်လိုက်ပါ၏။

"ကဲ Kim Dusik ငါ့ကတိအတိုင်း မနက် ၈နာရီအတိမှာ မင်းသားနဲ့ငါ့သားကိုပြန်ခေါ်နိုင်ခဲ့ပြီ"

"အင်း မင်းကတိအတိုင်းသူတို့ကိုပြန်ခေါ်ပေးနိုင်လို့ ကျေးဇူးပဲ"

Kim သခင်ကြီးက Oh ပါပါးကို ကျေးဇူးမတင်ချင့်တင်ချင်နဲ့ ကျေးဇူးတင်စကားဆို၏။ Jongin ကတော့ Sehun ဘေးကနေမခွာသေးပဲ Jongin ကလည်း Sehun လက်လေးကို ဆုပ်ကိုင်ထားဆဲ။

"ကဲ .... ညကဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ဘာမှမရှိခဲ့ဖူးလို့သတ်မှတ်ရအောင်။ ပြန်ကြမယ် Kim Jongin။ Joh Hana နဲ့သူ့မိဘတွေကိုတောင်းပန်ပြီး စေ့စပ်ဖို့ကိစ္စပြန်ညှိနှိုင်းကြရအောင်"

Kim သခင်ကြီး စကားကြောင့် Jongin ရဲ့ Sehun လက်ကိုဆုပ်ကိုင်ထားတာဟာ ပိုတင်းကြပ်သွားခဲ့သည်။ Sehun ရင်ထဲမှာလည်း စိုးတထိတ်ထိတ်နဲ့ပါပဲ။ ကိုယ့်ရဲ့ခင်ပွန်းနဲ့ခွဲရမယ့်အဖြစ်ဟာ Sehun ရင်ကိုနာကျင်စေတယ်။

Sehun တွေးကြည့်မိတော့ Jongin ငယ်ငယ်ထဲက Kim သခင်ကြီးကို တစ်ဦးတည်းသောသွေးသားရင်းမို့ ခင်တွယ်ခဲ့ပေမယ့် Kim သခင်ကြီး ဟာ Jongin အပေါ် အမြဲတမ်းလျစ်လျူရှုခဲ့ပြီး သူ့အကျိုးအတွက်အသုံးဝင်တာမဟုတ်ရင် Jongin ကိုအာရုံကိုရှိသူမဟုတ်။

အခုလည်း Jongin ကိုတစ်ညလုံးစောင့်မျှော်နေတယ်ဆိုတာ သားအရင်းမို့စိုးရိမ်တာမဟုတ်ပဲ Joh မိသားစုနဲ့စီးပွားဖက်ဖြစ်လိုတဲ့လောဘနဲ့ Jongin ကိုကြိုဆိုနေတာဖြစ်ပါသည်။

Kim သခင်ကြီး တင်မက Kim မိသားစုတစ်ခုလုံးက Jongin ကိုတန်းတူဆက်ဆံကြတာမဟုတ်။ Kim မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုလည်း Sehun မမက်မောပါ။ Sehun ဟာ ကိုယ့်ဘာသာအလုပ်လုပ်ရင်းရပ်တည်နိုင်သူဖြစ်ပါသည်။

Be My Juliet(Completed)Where stories live. Discover now