Unicode ver....
21.ရှောင်းက တော်လိုက်တာ
လွမ်းရရက်ရှည်နေတယ် ရှောင်းရယ်။
ဖြစ်နိုင်ရင် ရှောင်းအတွက် ကျွန်တော် ဝတ်ရုံတွေ ဆက်ချုပ်ပေးချင်ပေမဲ့ လက်က သိပ်မလှုပ်နိုင်တော့သလိုပဲရယ်။ ရှောင်းဒါကို သိရင် မြန်မြန် ပြန်လာဖို့ကောင်းတယ်။ချယ်ရီပင်ကို မှီလို့ လက်ထဲကလည်း ဝတ်ရုံဖြူဖြူကို ပိုက်ထွေးပြီး နန်းဆောင်အဝင်ဝကိုပဲ မျှော်ကြည့်နေတဲ့ ဝမ်ကြောင့် ဝမ်ချင်ခင်မျာ လိုက်ကြည့်ရင်းနဲ့ကို သက်ပြင်းအခါခါ ချနေမိလေသည်။
ဒီအတိုင်းသာဆို ခင်များပြန်မလာခင်အထိ ခင်များသခင်က တောင့်ခံနိုင်ပါအုံးမလားမသိတော့ဘူး တန်ခိုးရှင်ရယ်။
အခုနဲ့ဆို လေးရက်သာ ရှိသေးပေမဲ့လုံးဝကို အားနည်းနေဟန်ရတဲ့ ဝမ်ကြောင့် ဝမ်ချင်တကယ္ကို စိတ်ပူနေတာ ဖြစ်သည်။ သူမကိုယ္တိုင် ဂရုတစိုက် လုပ်ဆောင်ပေးပေမဲ့ ဝမ်ရဲ့ အခြေအနေက ထူးခြားမလာတာမို့ သူမ
မှာစိတ်မကောင်း ဖြစ်ရုံကလွဲ ဘာမှ မတတ်နိုင်တော့ပေ။တစ်ဖက်မှာလည်း ကောင်းကောင်းတောင်းဆိုခဲ့တာကို မပေးကမ်းလာတဲ့ နတ်ဆိုးဘုရင်ကြောင့် နတ်ဆိုးစစ်သည်နဲ့ တန်ခိုးရှင် စစ်သည်တို့ ထိပ်တိုက် တွေ့နေကြရလေသည်။
စစ်ပွဲက ထင်သလောက် မလွယ္ကူတာမို့ အချိန်တွေ မကြာသင့်ပဲ ကြာနေရခြင်းပင် ဖြစ်သည်။
ရှောင်းအစွမ်းထက်တာ မှန်ပေမဲ့ တစ်ဖက်သားကလည်း ချေသူမဟုတ်တာမို့ နှစ်ဦးသား ထိပ်တိုက်မှုက ပြင်းပြင်းထန်ထန် ဖြစ်နေလေသည်။
ကျွန်တော့် ချစ်သောရေ ကျွန်တော် ခင်များအတွက် ကြိုးစားနေတာမို့ ကျေးဇူးပြုပြီး တောင့်ခံထားပေးပါ သခင်။ ကျွန်တော် အမြန် ပြန်လာခဲ့ပါ့မယ်။
~
~
~"နတ်သမားတော် ဝမ်ချင်"
"ရှင် ပြောပါ သမားတော် ဘာအလိုရှိပါ သလဲ"
ဝမ်ခေါ်တာကြောင့် ဝမ်ချင်ရောက်လာတော့ ဝမ်က~~~
"ဒီနေ့ ငါးရက် ပြည့်တဲ့နေ့ ရှောင်းဆီ သတင်းပါးလိုက်ပါ အဆင်ပြေသေးတာမို့ ရှောင်းအဆင်ပြေသလို လုပ်ပါလို့။ ကျွန်တော် လိမ်လိမ်မာမာပဲ စောင့်နေပါ့မယ်လို့"
DU LIEST GERADE
Let me Cherish you, My Lord (ZSWW) [complete]
FanfictionPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...