Unicode
"Taeလေး Jungkookကောင်မလေးအိမ်ကိုသိ
တယ်မှတ်လား ဦးးငယ်ကိုပြောပြပါလား""ဟုတ်....သိပါတယ်ဦးငယ်....ဦငယ် ဘာလုပ်မလို့လည်း "
"ဦးငယ် သေချာတဲ့အဖြေတစ်ခုကိုလိုချင်တယ်
အဲ့ဒါမှ Jungkookကို ပြလို့ရမှာ အဲ့ဒါကြောင့်ဦးငယ်စုံစမ်းချင်လို့""ဟုတ်ကဲ့ ဦးငယ် ကျွန်တော်ပြောပြပါ့မယ်"
Taehyungလည်း Yuliလိပ်စာကို ပြောပြလိုက်သည်။
>>>>>>>
"ပုလုံး ငါနဲ့လိုက်ခဲ့ပေးပါလား ဒီနေ့ရုံးဆင်းရင်"
"ကျွန်တော်က ဘယ်လိုက်ရမှာလည်း မလိုက်ချင်ပါဘူး"
"ငါ Jungkookကောင်မလေးကို သွားချောင်းမလို့ငါနဲ့အဖော်လိုက်ခဲ့ပါကွာ"
"မလိုက်ချင်ပါဘူး ကျွန်တော်နဲ့ဘာဆိုင်လို့လဲ ခင်ဗျားဘာခင်ဗျားသွားပါလား"
"မင်းTaeလေးကိုမကူညီချင်ဘူးလား မင်းမကူညီချင်လည်းရပါတယ် ငါ့ဘာငါပဲသွားတော့မယ်"
Taehyungနာမည်ကြားတော့ Jiminလည်း စဥ်းစားသွားသည်။
"ခဏနေဦး ကျွန်တော် လိုက်ခဲ့ပေးမယ် Taeအတွက်ဆိုလို့နော် နောက်မို့ဆိုကျွန်တော်မလိုက်ဘူး "
"အေးပါကွာ ငါသိပါတယ် မင်းဘာအတွက်ပဲလိုက်လိုက်ငါဝမ်းသာပါတယ်"
"ကျွန်တော်ကလိုက်ပြီးဘာလုပ်ရမှာလည်း"
"ဘာမှမလုပ်နဲ့ ဓါတ်ပုံလေးပဲရိုက်ပေး"
"ကောင်းပြီလေ ဒါဆိုလိုက်ခဲ့ပေးမယ်"
ညနေရုံးဆင်းတော့ Yuliနေတဲ့နေရာကိုကားမောင်းပြီးထွက်လာလိုက်သည်။
"ပုလုံး ငါ့ကိုရေဗူးလေး ဖောက်ပေးပါလား ငါရေစာလို့"
"ခင်ဗျားဘာ ခင်ဗျားဖောက်ပါလား "
"ငါက ကားမောင်းနေလို့ လက်မအားဘူးလေကွာ မင်းကလည်း "
"ခင်ဗျား ကလည်း တော်တော်ကိုအလုပ်ရှုပ်တယ်"
Jiminတစ်ယောက်ပြောပြောဆိုဆိုနဲ့ရေဗူးကိုဖောက်ပေးလိုက်သည်။