{ 30 } ZG

5.7K 125 6
                                    

"မင်းသခင်ခက်ထန်!
မင်းသခင်ခက်ထန်!
မင်းသခင်ခက်ထန် မင်းဘယ်မှာလဲ!
မင်းသခင်ခက်ထန်... မင်း ပါပါးကို ပုန်းနေတာလား!
မင်းသခင်ခက်ထန် ခွေးကောင်လေး!
မင်းသခင်ခက်ထန် ပေါက်စလေး!
ပါပါးကို ပုန်းထားဉီး ရတယ် ...
တွေ့လို့ကတော့ ကင်စား ပစ်မယ်!"

အမွှေးပွ အကောင်ပေါက်ခွေးကလေးက အကောင်ကသာသေးသော်လည်း ခဏ ခဏ လျှောက်သွားသဖြင့် ချမ်းဆောင်းဟန် အော်ခေါ်နေခြင်း။

အဲ့ခွေးကို ဘယ်သူ့မှလဲ အထိ မခံသည့်အပြင် တကယ်လဲ ကင်မစားရက်ဘဲနဲ့များ  အသံကျယ်ကြီးနဲ့ အော်ခေါ်နေပြီး ခွေးပျောက် ရှာပုံတော် ဖွင့်နေတဲ့ ချမ်းဆောင်းဟန် ကို ဇွေး ကြည့်မရတာ တော်တော်ကြာခဲ့ပြီ။

တစ်နေ့ တစ်နေ့ အဲ့ဒီ မင်းသခင်ခက်ထန် ဆိုတဲ့ နာမည်ကြီးက မကြားချင်မှ အဆုံးပဲ။

တစ်နေ့ကို အခါ တစ်ထောင်လောက် အနားမှာ သူ့ခွေး ရှိရင်တောင် အော်ခေါ်နေတာမျိုး။
တစ်ခါတလေကျတော့လဲ တစ်စုံတစ်ယောက်ကို ရည်ရွယ်ပြီး ခေါ်နေသလားတောင် ထင်ရသည်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က ထန်ထန် ကလဲ ရုတ်တရက်ကြီး ပျောက်သွားပြီး ကိုကြီးဇိုးကလဲ ဆေးရုံတက်ရတဲ့အပြင် ကိုကြီးကပါ ဆေးရုံမှာ လူနာစောင့်ပေးနေရင်း ခွေးထီးအမွှေးပွအကောင်သေးလေးကို ဝယ်ခိုင်းသေးသဖြင့် သူဝယ်ပေးခဲ့သည်။

ဘာတွေ ဖြစ်နေကြလဲ နားမလည်ပေမယ့် ကိုကြီး ချမ်းဆောင်းဟန်ကတော့  အဲ့နေ့က စပြီး တော်တော်လေးကို ထူးဆန်းလာသည်။အထူးသဖြင့် အဲ့ခွေးနာမည်။

အဲ့နေ့မတိုင်ခင်တုန်းကတောင် ကိုကြီး အခန်းထဲကို ဝင်လို့ရပေမယ့် အဲ့နေ့ နောက်ပိုင်းကစပြီး ကိုကြီးအခန်းထဲကို ကိုကြီးဇိုးဇွယ်က အစ ဝင်ခွင့်မပေးတော့သည့်အပြင် အဲ့အခန်းထဲ ဝင်ခွင့် ရှိတာ ဟိုခွေး မင်းသခင်ခက်ထန် တစ်ကောင်ပဲ ရှိသည်။

တိရစ္ဆာန် လုံးဝ မချစ်တတ်တဲ့ ကိုကြီးက မင်းသခင်ခက်ထန် ဆိုတဲ့ နာမည်ပေးထားပါသော ခွေးကိုတော့ တော်တော်လေး ချစ်ရှာတယ်လို့ ပြောလို့ ရပေမယ့် တကယ်တမ်းကျ နာမည်ကို ခေါ်ရတာကိုသာ အဓိကကြိုက်ပုံရသည်။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now