Part ( 9 ) ( Unicode )

2.1K 123 6
                                    


ဆောင်းမနက်ခင်းရဲ့အငွေ့အသက်လေးရနေပြီ . . .
နေ့တာတိုပြီး ညတာရှည်တဲ့ဆောင်းတွင်းရဲ့သဘောတရားအတိုင်းမနက်ဆို တော်တော်နဲ့မိုးမလင်းပဲ ညနေဘက်
ဆိုရင်တော့အစောကြီးကို မှောင်နေတာ နွေရာသီ မိုးရာသီ
တွေမှာ ၇ နာရီလောက်မှ မိုးချုပ်တတ်ပေမဲ့ ဆောင်းတွင်း
ရောက်လာရင်တော့ညနေ ၆ နာရီလောက်ဆို
မှောင်ရီပျိူးလို့နေပါပြီ ။

ခါတိုင်းနေ့ရက်တွေလိုပဲလေ စော ကမနက်ဆိုအမြဲတမ်း
အစောနိုးနေကျပါပဲ အိပ်ယာနိုးလို့မျက်လုံးဖွင့်ကြည့်လိုက်
တာနဲ့အိပ်မောကျနေဆဲဖြစ်တဲ့ အကို့မျက်နှာကိုမြင်နေရ
တယ်အမြဲဖြီးတင်ထားတတ်တဲ့ဆံပင်တွေက နဖူးထက်ဆီကျနေပါရဲ့ ညကတည်းကကိုင်ထားတဲ့ ကျွန်တော့်လက်ကိုအခုထိ မလွှတ်သေး ညတုန်းက ကျွန်တော်အိပ်ပျော်နေပြီ
ထင်ပြီး လက်ကိုလှမ်းဆွဲပြီး အိပ်တာက်ို ကျွန်တော်သိပါတယ် အကိုက ဘယ်လိုလူပါလိမ့် ။

"ဟင် ! စော နိုးနေပြီလား အစောကြိီးရှိသေးတယ်
မဟုတ္ဘူးလား "

"ဘယ်စောတော့မလဲအကိုရဲ့ မနက် ၆ နာရီထိုးနေပြီ
ဆောင်းတွင်းရောက်လာတော့ မိုးလင်းတာနောက်ကျနေလို့ပါ "

"စောက ညကအစောကြီးအိပ်ပျော်သွားတာပဲ
အကိုက တော်တော်နဲ့အိပ်မပျော်ဘူးသိလား "

"အကိုက အိပ်မပျော်ရအောင် ဘာတွေတွေးနေလို့လဲ
အိပ်ခါနီးရင် ဘာမှလျှောက်မစဉ်းစားရဘူးဗျ
ဟိုလေ . . . ကျွန်တော့်လက်က်ိုလွှတ်ပေးလို့ရပြီလား "

"Sorry ပါစောရယ် ကိုယ္ကေလ ဘေးနားမှာ
တယောက်ယောက်ရှိနေမှ အိပ်တတ်တဲ့အကျင့်ဖြစ်နေတာ
အိမ်မှာဆိုလဲ အဲ့လိုပဲသိလား ကိုကိုမရှိကတည်းက
ညဘက်ဆိုအိပ်ခါနီးရင်လေ မေမေကကိုယ့်အနားလာ
နေပေးတာ ကိုယ္ကေလ မေမေ့လက်ကိုအခုလိုကိုင်ပြီး
စကားပြောနေကျ ကို်ယ်အိပ်ပျော်သွားမှ မေမေကအသာလေးလက်ကိုလွှတ်ပြီး မေမေ့အခန်းဆီပြန်သွားတာ သိလား "

လိမ်လိုက်စမ်းကွာရောင်နိီ မေမေကြားရင်ရယ်မှာသေချာ
တယ် ရောင်နီဆိုတာ ၂ ထပ်ခွဲတိုက်ကြီးရဲ့အပေါ်ထပ်မှာ
အခန်း ၃ ခန်း ရှိတဲ့ထဲကမှ ( Master Room ) မှာတယောက်ထဲနေတာကောင်းမြတ်ဦး ညအိပ်လာလည်ရင်
တောင် မလွတ်လပ်ဘူးဆိုပြီးဘေးအခန်းမှာပဲ အိပ်ခိုင်းတာ ကိုယ့်ဘေးနားမှာအတူအိပ်ခိုင်းတာမဟုတ်ဘူး
ကောင်းမြတ်ဦး များကြားရင် ထိုင်ရယ်မှာသေချာတယ် ။

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Donde viven las historias. Descúbrelo ahora