အပိုင်း၂၂(Unicode)

176 6 0
                                    

"ပြီးပြီလား"

"မင်း တကယ်ကြီး စောင့်နေတာလား"

သူကားမှန်ချပြီး ပြီးပြီလား မေးလိုက်တော့ အံ့သြနေတဲ့ပုံစံဖြင့် မေးလာသော လွမ်းဟိန်းထက်မှူး။

အမတွေအကိုတွေကို နှုတ်ဆက်တာကြာသွားသည့်အပြင် သူတို့ကလည်း လွမ်းပြန်မယ်အလုပ် ဆွဲထားတာကြောင့် ခနလေးက ၃နာရီမကကြာသွားသောကြောင့် စောင့်နေမယ့်ဆိုတဲ့သူ ခွန်းသက္ကရာဇ်စျာန်က နဂိုကတည်းကစိတ်မရှည်တတ်တာကြောင့် မစောင့်လောက်တော့ဘူးဆိုပြီး တွေးထားသော်လည်း Companyက ထွက်လာတဲ့ သူ့ရှေ့ကို ရောက်လာသောကားကို ကြည့်နေတုန်း မောင်းသူဘက်က မှန်ချလိုက်တော့ ပေါ်လာတဲ့ မျက်နှာကြောင့် အံ့သြစွာမေးလိုက်မိသည်။

"ခင်ဗျားကို ကျွန်တော်ပြောတယ်လေ ပြီးတဲ့အထိစောင့်နေမယ်လို့"

"ငါ့က မစောင့်တော့ဘူးထင်တာကို"

"ခင်ဗျားပြီးရင်လည်း ကားပေါ်တတ်တော့ ကျွန်တော်ဗိုက်ဆာနေပြီ"

"မင်း ခုထိ ဘာမှမစားရသေးဘူးလား"

သူ့ကိုပြောရင် လက်ထဲက ဖုန်းကို ကြည့်မိလိုက်တော့ 1နာရီကျော်နေပြီဖြစ်၏။

"ခင်ဗျားထွက်လာရင် မတွေ့မှစိုးလို့ စောင့်နေရတာ"

အမှန်ဆို နက် ဗိုက်ဆာနေတာဆိုပေမယ့် ဒီတစ်ယောက်ကို ဟိုကောင်က လာခေါ်သွားမှစိုးရိမ်သည့်အပြင် လွမ်းနဲ့လည်း ထမင်းအတူတူစားချင်လို့စောင့်နေခြင်းဖြစ်၏။

"အဲ့ဆိုလည်း စားသောက်ဆိုင်တစ်ခုကို မောင်းလေ"

"အင်း"

စားသောက်ဆိုင်ရောက်တော့ သူ့ဖို့အတွက်ပါတစ်ခါတည်းမှာပေးတဲ့ နက်ကြောင့် လွမ်းတစ်ယောက် မသိမသာ သက်ပြင်းခိုးချလိုက်မိလေရဲ့။

"စားလေ "

မှာထားတဲ့အစားအသောက်တွေရောက်လာတော့ မစားဘဲထိုင်နေသော သူ့ကို စားဖို့ပြောလာသည့်အတွက် စားဖို့ပြင်ရတော့သည်။အမှန်ဆို အကိုတွေအမတွေက သူ့တို့နဲ့အတူတူစားသွားပါဆိုပြီး ဇွတ်အတင်းကျွေးသည့်ကြောင့် လွမ်း အတော်စားလာခဲ့ပြီးဖြစ်သလို ထပ်စားလို့လည်း ဗိုက်ကလက်မခံတော့ပေ။တကယ်ဆို ဒီကောင်လေးက သူ့ကို စောင့်နေမယ်ဆိုတာကို မယုံကြည်သည့်အတွက်ကြောင့်လည်း အကိုတွေအမတွေနဲ့အတူတူ စားခဲ့တာလည်းပါတာပေါ့။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)حيث تعيش القصص. اكتشف الآن