Part...12

671 47 3
                                    

For Unicode

လက်တောက်လောက်နဲ့ လူဆိုးလုပ်ချင်တဲ့ ကျောင်းသားလေးတွေ​ေကြာင့် ကျောင်းဆေးခန်းရော ရုံးခန်းမှာပါ လူတရှုပ်ရှုပ်ဖြစ်နေသည်။

ထယ်ယောင်း ကျောင်းဆေးခန်းထဲကိုရောက်တော့ တာဝန်ကျဆရာမလေးမှာ အလုပ်တွေကိုရှုပ်လို့ လက်မလည်နိုင်ဖြစ်နေသည်။အင်း ဖြစ်လည်းဖြစ်ချင်စရာပါပဲ။ကျောင်းသားတွေကဆယ်ယောက်လောက်တန်းစီနေတာကို။

"ဒေါက်တာမမက ငါ့စတိုင်ပဲ မျက်နှာလေးကို ဝင်းလဲ့နေရော...ဟော် ဟော် ပြုံးနေလိုက်တာများ ကြည့်စမ်းပါဦး ငါ့အနာဂါတ်ဇနီးလောင်းလေးအတိုင်းပဲ"

သူငယ်ချင်းတွေကြားထဲထိုင်ပြီး အားကြိုးမာန်တက်ပြောနေသည့် ကျောင်းသားလေးစကားကြောင့် ထယ်ယောင်းရယ်လိုက်မိသည်။

ဆရာဝန်မလေးကို ကြည့်တော့လည်း တကယ်ကိုလှပါ၏။ပြစ်မျိုးမှဲ့မထင်လှတယ်ဆိုတာမျိုးမဟုတ်ရင်တောင် မိန်းကလေးဆန်ဆန် သိမ်သိမ်မွေ့မွေ့နဲ့ အေးချမ်းလှသည့် အလှပိုင်ရှင်မျိုး။

"အဟမ်း...အဟမ်း ပေါ်တင်ကြီးနော် ဆရာကင်မ်ထယ်ယောင်း"

ချောင်းဟန့်ကာ လှမ်းစသည့် ဟိုဝန်းကြောင့် ဆရာဝန်မလေးအပါအဝင် အားလုံးရဲ့ အကြည့်တွေကထယ်ယောင်းစီစုပြုံလာသည်။ထယ်ယောင်းပြုံးနေရင်းနဲ့ တောင့်တောင့်ကြီးဖြစ်သွားရပြီး ဘာလုပ်လို့လုပ်ရမယ်ပင်မသိတော့။

"ကောင်လေး ဆရာကို စ-စရာလား...မင်းအစ်ကိုကို ဖုန်းဆက်လိုက်ရမလား"

အရှက်ပြေပြောရင်း ထိုကလေးကို ခြိမ်းခြောက်လိုက်သည်။ခပ်တည်တည်ပြောလိုက်လို့ထင်ပါရဲ့ တခြားကျောင်းသားတွေကလည်း ပြုံးစိစိလုပ်နေရုံကလွဲပြီး ထပ်စမလာ။ဟိုဆော့ညီကတော့ ဆူလိုက်မှ ငြိမ်သွားသည်။

ဂျောင်ဟိုဝန်းရဲ့ မျက်နှာကဒဏ်ရာတွေကို ဆေးထည့်ပြီးချိန်တွင် ထယ်ယောင်းထိုကောင်လေးဘေး ဝင်ထိုင်လိုက်၏။

"ကောင်လေး...မင်းဒီလိုပဲ ရန်ဖြစ်နေကျလား"

"မဟုတ်ပါဘူး အစ်ကိုထယ်ယောင်းရဲ့...အခုက သူတို့ရန်စလို့"

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Tahanan ng mga kuwento. Tumuklas ngayon