.1.

1.1K 111 21
                                    


| ဟုတ်တယ် ငါတို့ကခြားနားတယ်။
တစ်ယောက်ချင်းစီရဲ့ဆန့်ကျင်ဘက်
အနေအထားတွေနဲ့ပဲရှင်သန်ရင်း
ချွင်းချက်အနေနဲ့တော့ပုံစံမျိုးစုံရှိတဲ့
အလိမ်အညာတစ်ခုလိုတွေ့ဆုံခဲ့ကြတယ်။ |





🍊






တနင်္လာနေ့တွေကသိပ်ကိုငြီးငွေ့စရာပဲ။

အထူးသဖြင့်ဆောင်းတွင်းကာလမှာဆိုရင်ပေါ့
မနက်စောစောစောင်ခြုံထဲကွေးနေရမယ့်အချိန်မှာ ကျောင်းလာနေရတဲ့ ခံစားချက်ကို
သူတို့လိုကျောင်းသားတွေကလွှဲရင် ဘယ်သူသိမလဲ။

တွေးရင်း ဝတ်ထားတဲ့ လေဖောင်းအနွေးထည်ထူထူက စိတ်ကျဥ်းကျပ်လာတယ်။

နှာခေါင်းထိပ်နားရောက်အောင်ထိ အမေပတ်ပေးလိုက်တဲ့မာဖလာကလည်း အသက်ရှူရခက်စေတယ်။

အခုချိန်မှာသာတစ်ယောက်ယောက်က လာဖက်လိုက်ရင် လေတိုးပေါက်မရှိအောင်
တစ်ကိုယ်လုံးအလုံထုပ်ထားတဲ့ ယန်ဂျောင်ဝန်းက ဗုံးတစ်လုံးလိုပေါက်ကွဲထွက်သွားတော့မှာ အသေအချာပဲ။

"မွန်းကျပ်လိုက်တာ.."

သက်ပြင်းချသံတစ်ခုလို
လေးလေးပင်ပင်ထွက်သွားတဲ့
သူ့ငြီးငြူသံကြောင့်ထင်ပါရဲ့
ဆောင်းရာသီမနက်ခင်းမှာလေပြင်းတစ်ချက်က
သူ့နားကွက်လို့တိုက်ခတ်သွားတယ်။

သဘာဝလေတော့မဟုတ် သူ့ဘေးကနေ
အရှိန်ပြင်းပြင်းနဲ့ဖြတ်မောင်းသွားတဲ့ကားတစ်စီးကြောင့်
လေပြင်းတိုက်ခံလိုက်ရတာ။

"ချီးပဲ! အရိုးတွေခဲကုန်ပြီလားမသိဘူး"

ထိုကားကိုကျိန်ဆဲလိုက်ပြီးနောက် ဂျောင်ဝန်းဟာ
လက်နှစ်ဖက်ကိုအိတ်ကပ်ထဲအတင်းထိုးထည့်လို့
နှာတစ်ချက်ရှုံ့ရင်းကိုယ့်ခရီးကိုယ်ဆက်ရတယ်။

သူမကျေနပ်လို့လည်း ကားကရပ်သွားမှာမဟုတ်တာ။

ပြောရင်းဆိုရင်း
သူ့မြင်ကွင်းရှေ့ကနေသေးသေးလေးသာမြင်ရတဲ့ကားက
သူတို့ကျောင်းနားရောက်တော့
နှေးသွားတဲ့အရှိန်နဲ့အတူရပ်တန့်လို့သွားတယ်။

ကျောင်းနဲ့တစ်ဖြေးဖြေးနီးကပ်လာတဲ့ဂျောင်ဝန်းရဲ့
မြင်ကွင်းထဲထိုကားရဲ့ပုံရိပ်ကလည်းတစ်ဖြေးဖြေးကြီးလာတာပဲ။

TANGERINE🍊Where stories live. Discover now