အပိုင်း ၈၄

3K 360 0
                                    

Unicode


သူမက နောက်ထပ် ရွှေတုတ်ချောင်းကို အမြန်အဆန်ယူကာ လက်ထဲ၌ ကိုင်ထားလိုက်သည်။ သူမနှလုံးသားကတော့ ရင်ဘတ်ထဲကနေ အပြင်းအထန်ခုန်ပေါက်နေကာ အာရုံကြောတွေကလည်း အလွန်အမင်းကို တင်းကြပ်နေတော့သည်။

ဒီလောက် အသည်းခိုက်မတက် အော်ဟစ်သံကပင် တခြားလူတွေ၏ အာရုံကို မဆွဲဆောင်မိချေ။ သူမခန့်မှန်းထားသည့်အတိုင်း ဤထင်ယောင်ထင်မှား အစီအရင်က လုံးဝကို အသံလုံနေတာ သေချာလှပေသည်။

ပုံရိပ်တစ်ခုက သူ့ကိုယ်ပေါ်က မိုးကာကဲ့သို့ လွှမ်းခြုံထားသောအကြည်ရောင်အလွှာတစ်ခုကို ဆွဲချရင်း ပင့်သက်ရှိုက်နေတာကို သူမ မြင်လိုက်ရ၏။

ထို့နောက်မှာတော့ သူက မျက်လုံးထဲစိုက်ဝင်နေသော ရွှေတုတ်ချောင်းကို ကြမ်းတမ်းစွာ ဆွဲနုတ်ပစ်ရင်း တစ်ဖက်တည်းသော မျက်လုံးဖြင့် သူမထံ စူးရဲစွာ စိုက်ကြည့်လာလေသည်။

အမှန်ပင် ကျန်းကျင်ဖုန်းပါပေ။

"သိပ်ကောင်း....ကျုပ်များလှည့်စားရဲတယ်ပေါ့လေ....သိပ်တော်တယ်"

"စိတ်လျော့ပါ ကျန်းကျင်ဖုန်း"

စန်းယွမ်ယွမ်အသံက ပြင်းလည်းမပြင်းသလို ပျော့လည်းပျော့မနေခဲ့။

"ရှင့်မျက်လုံးက ထိခိုက်သွားပြီမို့ ကျန်းကျင်ကျန်းကို အပြစ်လွှဲချဖို့ မဖြစ်နိုင်တော့ဘူး။ ထင်ယောင်ထင်မှား အစီအရင်ကို ပြန်သိမ်းလိုက်တာ အကောင်းဆုံးပါ။ ဒီညကိစ္စကို ဘယ်သူ့မှ ပြန်မပြောဘူးလို့ ကျွန်မ ကတိပေးတယ်။ ဘယ်လိုလဲ?"

ကျန်းကျင်ဖုန်းမျက်နှာက တွန့်လိမ်ကာ အပြင်းအထန် တစ်သိမ့်သိမ့်တုန်လာသည်။ သူက စကားတစ်ခွန်းမှ မပြောတော့ပါဘဲ စန်းယွမ်ယွမ်ထံ ပြေးလာတော့၏။

စန်းယွမ်ယွမ် သူ့အမူအရာကို အကဲခတ်လိုက်တော့ သူဟာ ကွဲနေသည့်ကရားကို ခွဲ[1] ဖို့လုပ်နေတာကို သိသွားတော့သည်။

မျက်နှာတစ်ဝက်လောက်သွေးဖုံးနေသည့်ကြားကနေ ကျန်းကျင်ဖုန်း၏ ရက်စက်သော အပြုံးက အလွန်အမင်းကြောက်စရာကောင်းလှ၏။

"ကျုပ်မျက်လုံး ထိခိုက်တော့ရော ဘာဖြစ်လဲ။ ဘယ်သူကမှ ...ဘယ်သူကမှ ဂရုစိုက်တာမဟုတ်ဘူး။ကျုပ်မျက်လုံးနှစ်ဖက်လုံး ပျက်စီးသွားရင်တောင် ကျုပ်မပြောရင် ဘယ်သူကမှ သတိထားမိမှာ မဟုတ်ဘူး! ကျုပ်ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဘယ်သူကမှ မမြင်ဘူး!"

"ဟားဟားဟား ဒါပေမဲ့ ကျန်းကျင်ကျန်းကျတော့ရော! သူ မကောင်းတာအကုန်လုပ်နေပေမဲ့ အိမ်ရှေ့စံဆိုတဲ့ဘွဲ့ကို လွယ်လွယ်လေးရနေတုန်းပဲ။ လူအများကြီးက အဲ့ကောင်ကို ပွေ့ဖက်ချင်နေကြတုန်းပဲ! ဧကရာဇ်ရဲ့ ဒီတော်ဝင်နန်းဆောင်တောင် သူရဲ့သာယာမှုရှာတဲ့ကစားကွင်းဖြစ်နေတုန်းပဲကွ! ဒီထင်ယောင်ထင်မှားအစီအရင်နဲ့လျို့ဝှက်ထွက်ပေါက်ကို သူပဲ စီရင်ခဲ့တာ။ သူကစားခဲ့တဲ့ ထျန်းတုက ကချေသည်တွေ ဒီနေရာမှာ ဘယ်လောက်ထိသေသွားပြီလဲဆိုတာ ဘုရားမှပဲ သိလိမ့်မယ်။ ကျုပ်ချစ်ရတဲ့ ယွိရှုလည်း သနားစရာကောင်းအောင် သေခဲ့ရတာကွ!"

ထိုမျက်လုံးများထဲတွင် သွေးနှင့်မျက်ရည်များက အတူတကွ စီးကျလာလေသည်။

"ဟုတ်တာပေါ့ ကျုပ်က ကျန်းကျင်ကျန်းအပေါ် ဘာမှလုပ်မရဘူး။ဒါပေမဲ့ တခြားလူရဲ့လက်ကနေတဆင့်တော့ ဒင်းကို အန္တရာယ်ပေးလို့ရတယ်....ဟားဟားဟား မင်းသေသွားတာနဲ့ ကျုပ်ရဲ့အရီးတော်က သေချာပေါက် စုံစမ်းစစ်ဆေးပေးမှာပဲ။ သူတို့တွေ ဒီထဲ စရှာဖွေကြတာနဲ့ ကျန်းကျင်ကျန်းကျူးလွန်ထားသမျှ ရာဇဝတ်မှုတွေအကုန်လုံးကို ရှာတွေ့သွားလိမ့်မယ်! ဟားဟားဟားဟား!"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now