ကြယ်တွေစုံတဲ့ည⭐

373 6 0
                                    

တချိန်တခါက သူမပြောခဲ့ဖူးတယ်
ကြယ်လေးတွေကို အပူအပင်မရှိဘဲ ကြည့်ချင်တယ်တဲ့။ကျတော် သူမကို ကတိပေးလိုက်လားတောင်မသိဘူး။
တနေ့နေ့ကျရင် အဲ့ဆန္ဒလေးကို ဖြည့်စည်းပေးပါမယ်လို့လေ။


နှင်းရေစွတ်သောအနံ့နှင့်အတူ ‌မြေနီမှုန့်နံ့က ရောယှက်လျက်ရှိလေသည်။ အသံကောင်းကောင်းနဲ့ အလှူပွဲကို ပါ၀င်အားဖြည့်နေသော ဆိုင်းဝိုင်းရဲ့အသံမှာ နား၀င်ကောင်းသမျှ ရင်ပါလျပ်လျက်ဒွန်တွဲနေပေသည်။
ညကား 7နာရီတိတိ ...
နှာခေါင်းထဲသို့တချက်တချက် တိုး၀င်လာသော မြေနီမှုန့်နံ့ကား မဆိုသလောက်နှင့်...
"ငါအိပ်ချင်နေပီဟာ…"
"အင်းကျတော် အိပ်ဖို့အဆင်ပြေလားသွားကြည့်လိုက်မယ်နော်"
"မမ ...ဟိုဟာလေ..အမေတို့ အခန်းထဲမှာ ပန်းတွေပြင်ဆင်နေတုန်းမို့ အဆင်ပြေလောက်သေးဘူး"
"မမအဆင်ပြေရင်လေ ကျတော် ဦးလေးကားသော့ယူလိုက်မယ် အဲ့မှာ
ခနလောက်မှေးရအောင်လေနော်"
..
"နင်ကလည်း နင့်ကားနဲ့ ဆိုင်းဝိုင်းကလော်ပီကာနဲ့ တည့်တည့်ကြီးကို ဘယ်လိုလုပ်အိပ်လို့ရမလဲ တော်ပီဟာ ဒီမှာပဲ လှဲတော့မယ်..."
"မမ...မမ အေးမှာဆိုးလို့
လာပါ မမရယ် ကျတော်ပေါင်ပေါ်အိပ်နော်"

ကျတော် မမပခုံးလေးကို ကိုင်ပီးကောင်းကင်သို့ မော့ကြည့်မိသည်။ ကြယ်တွေ အစုံမထွက်သေးပေ
ဒါပေမယ့် ရန်ကုန်နှင့်မတူ ကောင်းကင်တခုတည်းမှဟုတ်ရဲ့လားဟု ထင်မှတ်စရာပင်။
ကြယ်တွေမှာ တဖျက်ဖျက်နှင့်
များပြားလှသည်။
"နင် ငါ့နားလာလှဲ"
"ဟုတ်"...
"မမ"...
"ဘာလဲဟာ နင်ကလည်း"
"ဟင့်အင်း...ဘာမှမဟုတ်တော့ပါဘူး"
ကျတော့်လက်လေးကို ဆန့်ထုတ်လိုက်တယ်
လဆန်းရက်ပင်ရှိသေးသော လခြမ်းလေးဘေးနားအား ကျတော်လက်ကို တိုင်းထွာကြည့်သည်။
အကြောင်းရယ်မရှိ....ဘေးနားမှာ အသံရှူသံတိုးတိုးလေးတစ်ခု...
မမကိုပြောချင်ပေသည်

Starry night 🌃Where stories live. Discover now