🎶မောင့်မူပိုင်ရှင်
မောင့်မူပိုင်ရှင်
မေတ္တာအသည်းဆက် သက်နှင်းပေးအပ်ချင်
ပျက်မယွင်းမေ့ဘဝတစ်ခွင်
မောင့်မူပိုင်ရှင်...🎶
ထိုသီချင်းကိုဆိုနေသည်မှာတခြားသူမဟုတ်
ခွန်းစစ်မောင် တို့ဘေးအိမ်ကလွန်ခဲ့သောရက်သတ္တပတ်ခန့်ကမှပြောင်းလာသော အပျိုကြီးပင်။ပန်းပင်ရေလောင်းတာရိုးရိုးတန်းတန်းလောင်းလျှင်ရပါလျက်နှင့်
ကတ်ဆတ်ကြီးဖွင့်ကာ အပျိုကြီးက မောင့်မူပိုင်ရှင်
သီချင်းဆိုနေသည်မှာ နည်းနည်းတော့စားတယ်နော်။အပျိုကြီးနာမည်က ဒေါ်ရင်လေးချို။လူတင်မကဘူးနာ
မည်ကပါစားတာ။သို့သော်ပေါ့ပေါ့သေးသေးတော့
မဟုတ်။ အဲ့ဒီအပျိုကြီးရပ်ကွက်ထဲရောက်လာသည့်နေ့ကစပြီး လမ်းထဲကလူငယ်တွေကော ဘာမဆိုင်တစ်ဖက်
လမ်းကလူငယ်တွေကော ကုန်ကုန်ပြောရရင် လမ်းထိပ်
ကုန်ခြောက်ဆိုင်ပိုင်ရှင် ဂေါ်မစွန်တဲ့လူပျိုကြီးတောင် သူ့
အိမ်ရှေ့တစ်နေ့တစ်နေ့ လူပျိုလှည့်တာမပြီးနိုင်။
ခွန်းစစ်မောင်သည်မိဘများမရှိတော့။အဒေါ်နှင့်သာအတူနေသည်။အဒေါ်ကပိုးထည်တိုက်ပိုင်ရှင်ဖြစ်ပြီး သူမကတော့graphic designer။အသက်ကတော့ ၂၄နှစ်။ဘေးအိမ်ကအပျိုကြီးကအဒေါ်နှင့်အသက်တူတူလောက်သာရှိမည်။၃၆နှစ် အလွန်ဆုံးပေါ့။ဒေါ်ရင်လေးချိုကချော
သည်လှသည်ကိုယ်လုံးကိုယ်ပေါက်ကပြောစရာမလို။သူမတို့ခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့ ဟော့ရှော့ပေါ့။မြင်သူတိုင်းကဟိုက်ရှားပါးဖြစ်စေလောက်သည်အထိပဲ။အပျိုကြီးကကြွေမယ်ဆိုကြွေလို့ရသည်။သို့သော် သူမနဲ့တော့
ဘယ်လိုဖြစ်မှန်းကိုမသိတာပါ။သူမကိုတွေ့တိုင်းအမြဲပဲစချင်နေတော့ ရန်ခနခနဖြစ်ရတာပေါ့။
'ကလင် ကလင် ကလင် ကလင်'
"ဘေးကို ဘေးကို ဘေး-"
'ဒုန်း'
"အမလေး သေပါပြီ။"
"အား ပါး ပါး နာလိုက်တာ ဘယ်လိုဖြစ်လို့ မကြီးမငယ်နဲ့စက်ဘီးစီးနေရတာလဲ။" လဲကျသွားသောဒဏ်ကြောင့်မြှီးညောင့်ရိုးနေရာမှအောင့်သွားသည်။မစီးတတ်စီးတတ်
နှင့်စီးလာသောစက်ဘီးပိုင်ရှင်ကတော့ ဘေးအိမ်က
ဒေါ်ရင်လေးချိုပင်။ရင်ချိုမချိုတော့မသိဘူး အခုတော့တော်တော့်ကိုဖင်ပူသွားရပြီ။
"အား !! နာလိုက်တာ မင်းကစက်ဘီးကြီးတစ်စီးလုံးလာနေတာမမြင်ဘူးလား။"
"ဟ သူကပဲပြောရတယ်ရှိသေး အဒေါ်ကြီးကလူလမ်းလျှောက်နေတာမမြင်ဘူးလား။ပြောသင့်ပြော
ကျွန်မကပဲပြောရမှာပေါ့။"
"ငါ့ကိုအဒေါ်ကြီးလို့ မခေါ်နဲ့လို့ပြောထားတယ်လေ။" အဒေါ်ကြီးလို့ခေါ်သောကြောင့် စူထွက်လာသောနှုတ်ခမ်းနှင့်ရဲတက်လာသောမျက်နှာမှာမသိရင် ဘဲမကြီးလိုပဲ။ချစ်ဖို့တော့ကောင်းသား။ကိုယ့်စိတ်ကူးနဲ့ကိုယ်ရယ်နေတာမြင်တော့ သူကမျက်စောင်းလှမ်းထိုးသည်။
''ဘာရယ်စရာပါနေလို့လဲ။"
"မပါပါဘူး။အဒေါ်-"
မျက်စောင်းလှမ်းထိုးပြန်သည်။
"အယ် အန်တီရင်ရဲ့နှုတ်ခမ်းစူနေပုံကချစ်စရာကောင်းလို့ပါ။" အန်တီ့ရင်ရဲ့မျက်နှာကြီးရဲတက်လာကာရှက်ရမ်းတွေရမ်းပြီးလမ်းဘေးမှတုတ်ကိုကောက်ကိုပစ်ပေါက်လေသည်။
"ဟိတ် ဟိတ် မလုပ်ရဘူး။မျက်လုံးတွေမှန်ကုန်မှာပေါ့။"
"မင်း မင်း လူ..လူကြီးကိုဘယ်...ဘယ်လိုစကားတွေပြောနေတာလဲ။"
"ဟ ချစ်စရာကောင်းလို့ချစ်စရာကောင်းတယ်ပြောတာလေဗျာ။"
"မင်း မင်း တော်တော့လို့ပြောနေတယ်နော်။"
"ဟား ဟား ဟား ဟား ဟုတ်ပါပြီ။တော်လိုက်ပါပြီနော်။"
လက်နှစ်ဖက်ကိုမြှောက်ကာပြ၍စတော့ သူမကခြေကိုဆောင့်အောင့်၍စက်ဘီးကိုတွန်းကာထွက်သွားသည်။မသွားခင်တောင်မရရအောင်သူများကိုခြေထောက်ကို
တက်နင်းသွားသေးတာရယ်။တက်နင်းသွားသောနေရာကိုလက်ဖြင့်ဖိကာခေါင်းကိုခါကာရယ်ရင်း သူထွက်သွား
သည်အထိကြည့်နေခဲ့မိသည်။အဲ့ဒီနေ့ကစ သူမတို့နှစ်
ယောက်ရဲ့ဇာတ်လမ်းလေးစတင်လာတော့သည်။
×××××
"ဟာ ငါမလာနိုင်ပါဘူးဆိုနေဟာ။လာလည်းမလာချင်ဘူး။"
"............"
"ငါ့ကိုအတင်းမလုပ်နဲ့ဟာ။မလာချင်ဘူး သစ်ခက်။နင်ပဲကြည့်ပြောလိုက်။"
"............"
"အေး အဲ့တာလည်းကောင်းတာပဲ။ဟား ဟား ဟား ဟား"
YOU ARE READING
မောင့်မူပိုင်ရှင်
Short Storyခွန်းစစ်မောင် နှင့်အပျိုကြီးမမ တို့ရဲ့အချစ်ဇာတ်လမ်းလေးပါ။