6

32.3K 2.2K 20
                                    

Part 6

ကုတင်ဘေးမှညမီးအိမ်တင်ထားသည့်ခုံပေါ်မှတဒွီဒွီနဲ့တုန်ခါလာတဲ့ဖုန်းvibrationအသံကြောင့်နေညွန့်ထိုက်လက်ဖြင့်ဖုန်းရှိရာကိုမှန်းပြီးလှမ်းယူလိုက်သည်။10ခွဲမီတင်ရှိသည်မို့သူarlamပေးထားခြင်းဖြစ်သည်။arlamကိုပိတ်လိုက်ပြီးသူ့ရင်ခွင်ထဲတိုးဝင်အိပ်နေသည့်သျှင်မင်းကိုငုံ့ကြည့်လိုက်သည်။စောင်ထူထူနှင့်လုံးထွေးအိပ်နေတာပင်အားမရလို့ထင် သည်သူ့ရင်ခွင်ထဲထိတိုးဝင်အိပ်သည်ထိသျှင်မင်း ကအအေးဒဏ်ကိုမခံနိုင်ပေ။နေညွန့်ထိုက်ကဖြင့် Airconကို16ထိထားသည်ထိအအေးကြိုက်သူဖြစ်သည်။Airconကိုလှမ်းကြည့်တော့လည်းအအေးလျော့ထားတာပင်။

သျှင်မင်းရဲ့နားသယ်စပ်လေးကိုအနမ်းတစ်ချက်ပေးပြီးပါးပြင်လေးကိုပါနစ်ဝင်သည်ထိနမ်းရှိုက်လိုက်သည်။အနည်းငယ်လှုပ်ရှားလာတဲ့သျှင်မင်းသည်အိပ်နေရင်းပင်သူ့ရဲ့အနမ်းတွေကိုရှောင်သည်။စောင်ကိုခေါင်းထိခြုံချလိုက်သည်မို့နေညွန့်ထိုက်အနည်းငယ်ပြုံးလိုက်မိသည်။ထိုကောင်လေးကအိပ်နေတဲ့အချိန်နောက်ယှက်ရင်မကြိုက်ဘူးလေ။အိပ်နေသူကိုထပ်မနှောင့်ယှက်တော့ပဲအလုပ်သွားဖို့နေညွန့်ပြင်ဆင်ရန်အိပ်ရာပေါ်ကထွက်လာခဲ့သည်။

နာရီဝက်လောက်ကြာလေတော့နေညွန့်ထိုက်ရေချိုးခန်းမှထွက်လာခဲ့သည်။သျှင်မင်းလည်းနိုးနေပြီမို့သူနှိုးရန်မလိုတော့ပေ။အိပ်ယာခင်းတွေကိုသေသပ်အောင်လုပ်နေတဲ့သျှင်မင်းအနားကိုနေညွန့်ထိုက်သွားပြီးခါးကျင်ကျင်လေးကိုဖက်တွယ်လိုက်သည်။သူ့ထက်ခေါင်းတစ်လုံးစာလောက်ပဲအရပ်ပုသူကရင်ခွင်မှီအရပ်မဟုတ်ပေ။ပိန်လျတာလည်းမဟုတ် တောင့်ဖြောင့်သည့်ထဲလည်းမပါတဲ့သျှင်မင်းရဲ့အသွင်ပြင်ကိုသူသဘောကျသည် ။

"Companyကို,ကိုယ်နဲ့ပဲလိုက်ခဲ့လေ"

"မလိုက်တော့ဘူး ကိုနေ သူများတွေမြင်မှာကျွန်တော်မလိုလားဘူး"

"အတွေးတွေလာလွန်ပြမနေနဲ့။မင်းသူဌေးနဲ့မင်းလိုက်လာတာကိုဘယ်ကောင်မှမင်းကိုစောက်တင်းမပြောဘူး။ပြောခဲ့ရင်လည်းအဲ့ပါးစပ်တွေကိုငါပိတ်ပေးမယ်"

Love is born, because of you(Complete)Tempat cerita menjadi hidup. Temukan sekarang