Unicode
"ရင်တွင်း၌ဖြစ်တည်သော"Part.2
ပါဝင်သည့်ဇာတ်ကောင်-ထားလက်ပန်
ပျိုနုရွယ်ဇင်(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)
----------------------🧡🧡🧡-----------------------
ညစာစားချိန်ရောက်တဲ့အထိဆင်းမလာသေးတဲ့
ရွယ်ဇင့်ကြောင့်လက်ပန်သက်ပြင်းချလိုက်မိ
သည်၊ဒီကလေးစည်းကမ်းတွေပျက်နေလေပြီ၊
စားပွဲကိုဝုန်းကနဲနေအောင်တစ်ချက်ထုလိုက်
ပြီးအိမ်ပေါ်ကသူတို့နှစ်ယောက်အိပ်ခန်းကို
ဖွင့်ကြည့်လိုက်သည်၊ဒီမှာမရှိတာကြောင့်
ခွဲအိပ်တဲ့အခန်းထဲမှာဆိုတာကိုသိလိုက်သည်၊
ထိုအခန်းရှေ့ရောက်တော့တံခါးကိုဆွဲဖွင့်ရာ
လော့ခ်ချထားတာကြောင့်ဖွင့်မရပေ၊တံခါးကို
တဒုန်းဒုန်းနဲ့ထုလိုက်ပြီး"ပျိုနုရွယ်ဇင်မင်းအခုထွက်ခဲ့!!"
ညနေကကိစ္စကြောင့်ရွယ်ဇင်ပြဿနာထပ်မဖြစ်
စေလိုရာအခန်းခွဲအိပ်ခဲ့သည်၊အခုအခန်းအပြင်
ကနေတံခါးကိုတဒုန်းဒုန်းထုရိုက်နေတဲ့တီလေးက
ဘယ်လောက်ဒေါသထွက်နေလည်းသိသာသည်၊
ရွယ်ဇင်ကြောက်လို့တဆတ်ဆတ်တုန်ရီနေလေ
ပြီ၊သို့သော်မလွန်ဆန်ရဲတဲ့ခြေထောက်တွေက
တော့တံခါးရှိရာဆီလျှောက်သွားနေလေသည်၊
တံခါးကိုအသာဆွဲဖွင့်လိုက်တော့အခန်းရှေ့မှာ
ရပ်နေတဲ့လက်ပန်ရဲ့အကြည့်စူးစူးတွေနဲ့ဆုံလေ
သည်၊နဂိုတည်းကအော်ခံထားရလို့ဝမ်းနည်း
နေတဲ့ရွယ်ဇင်ကထိုအကြည့်တွေအောက်မှာ
အားငယ်ခြောက်ခြားရပြန်သည်၊လက်ပန်
မျက်နှာကြည့်ပြီးနေရတာမို့တစ်ခုခုဆိုရွယ်ဇင့်
မှာအားကိုးစရာမရှိ။"မင်းဘာအချိုး ချိုးတာလည်းပျိုနုရွယ်ဇင်!!
ထမင်းစားချိန်ရောက်နေတာကိုဆင်းမလာပဲ
ဘာလုပ်နေတာလည်း!ဟမ်!!"လက်ပန်အော်လိုက်တော့ရွယ်ဇင့်ကိုယ်လေး
တုန်တက်သွားလေသည်၊လေသံမာမာနဲ့
အော်တိုင်းပြာနေအောင်ကြောက်ရတာမို့
ယခုလည်းငိုချင်နေလေပြီ။"မင်းမှာပါးစပ်မပါဘူးလား!!ငါမေးနေတယ်လေ"
"ပျို..ထ.ထမင်းမစားချင်လို့ပါ"
VOUS LISEZ
𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)
NouvellesGLဇာတ်လမ်းတိုလေးတွေဖြစ်ပါတယ် နှစ်ပိုင်းပြတ်သုံးပိုင်းပြတ်အပြီးအစီး ဇာတ်လမ်းတိုပါ၊ဖတ်ပေးကြပါအုံး။ (❤️𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔❤️)