"အကို မောနေပြီလား ""ရတယ် ရတယ် ကိုယ်အဆင်ပြေတယ် "
ရတယ်သာပြောရတယ် ဒီကုန်းတက်လေးကိုတက်လာပြီး
တိုင်း ရောင်နီ ဟောဟဲဆိုက်တာတော့အမှန်ပင် ။"ဟိုသစ်ပင်အောက်က တုံးပေါ်မှာခနထိုင်နားကျမယ်နော် "
"ဟုတ်ပါပြီဗျာ အမောဖြေရင်း ခနနားကျတာပေါ့ "
ရောင်နီ နဲ့စောတို့အခုရက်ပိုင်းအေးအေးဆေးဆေးစကား
ပြောချိန်ဟာဒီလိုမနက်ခင်းလမ်းထလျှောက်တဲ့အချိန်လေးပဲ ရှိပါတယ်မိုးလင်းတာနဲ့ကိုယ်စီတာဝန်ကျရာ နေရာတွေစီ
သွားရတယ် ။ ညနေဘက်ကျတော့လည်း စောက
ကထိန်ညအတွက်သီချင်းတိုက်ရန်ရှိသည်ဆိုပြီး ဆေးခန်း
မဝင်ပဲ အရင်ပြန်နှင့်နေပြီညနေအိမ်ပြန်ရောက်တော့လည်း
ရေမိုးချိုး ညစာစားကြတာနဲ့ .အိပ်ယာဝင်ချိန်မှာလည်း
ကျော်ပြည့်ဦးက မအိပ်မချင်းစကားထိုင်ပြောလို့ စကား
တောင်ဖျက်ယူပြီး အိပ်ရတဲ့ညတွေကများနေပြီ
စော နဲ့အေးအေးဆေးဆေးစကားပြောချိန် မရခဲ့ပေ ။"အကို ဒီရက်ပိုင်းတွေထဲ အဆင်ပြေရဲ့လား
ကျော်ပြည့်လည်းဆေးခန်းမှာ လာဝိုင်းကူပေးတယ်
ဆိုတော့ အကိုအဖော်တော့ရမှာပါ ""အဟင်း . တကယ်တော့ ကျော်ပြည့်ကအချိန်တိုင်းနေတာ
မဟုတ်ပါဘူး စောရဲ့သူကရွာထဲပတ်သွားလိုက် အိမ်ပြန်နားလိုက်ဆေးခန်းကိုက စိတ်ကူးပေါက်မှ ရောက်ချလာတတ်
တာပါ ""ဒါပေမဲ့ အကိုတို့ကိုကြည့်ရတာ တော်တော်ရင်းနှီးနေပါပြီ "
"ကျော်ပြည့်က ပွင့်ပွင့်လင်းလင်းနဲ့ ခင်ဖို့တော့ကောင်းပါ
တယ် ကျော်ပြည့်မှာကော မောင်နှမတွေရှိကျလား အကိုသူ့ကိုမမေးမိဘူး ""ရှိတယ်အကို မောင်နှမနှစ်ယောက်ပါ မမသက်ထားဦးက
အကြီးကျော်ပြည့်ဦးက အငယ်ပါ မမကအိမ်ထောင်ကျနေပြီ
လေ ဦးလေးကျော်အေး အန်တီသက်သက်ဦးတို့နဲ့ပဲ
အတူတူနေကျတာ ကျော်ပြည့်တို့အိမ်က ဆန်ပွဲရုံလုပ်ငန်း
လုပ်တယ်လေ စပါးပေါ်ချိန်ဆိုဒီရွာဘက်တွေထိ
ဆင်းဝယ်ကျတယ် မမသက်ထားဦးကအိမ်ထောင်ကျ
သွားပေမဲ့ ဦးလေးတို့နဲ့ပဲ အတူတူနေကျတာလေ
ဘာဖြစ်လို့လည်းဟင် အကို "
CZYTASZ
ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )
Romansကရင်ပြည်နယ် ဒေါနတောင်ခြေကရွာလေးတစ်ရွာကို လုပ်အားပေးရောက်ရှိလာတဲ့  ဆရာဝန်လေးရယ် ဒေသခံ ကရင်ကပြားလေး စော ရဲ့အချစ်ဇာတ်လမ်းလေးပါ ကျေးလက်ဒေသအငွေ့အသက်လေးတွေနဲ့ဇာတ်လမ်း အေးအေးငြိမ့်ငြိမ့်လေး ကြိုက်တယ်ဆိုရင် ဖတ်ပေးကျပါအုံးနော် 💙💙