အပိုင်း ၁

8 1 0
                                    

AD၁၀ရာစု,နှစ်‌စတွင် နိုင်ငံကြီးဟာ သုံးပိုင်းကွဲနေချိန်ဖြစ်သည်။ ဗမာပြည်၊ ဟံသာဝတီနှင့် အင်းဝဟူ၍ သုံးပိုင်းကွဲကာ သူတစ်လူငါတစ်မင်း အသီးသီးအုပ်ချုပ်နေကြသည်။ မညီညွှတ်သော ပြည်သုံးမျိုကို တစ္ဆေမျိုးနွယ်များက အုပ်ချုပ်ရန်အမြဲကြံစည်နေသည်။ ထိုအချိန်က တစ္ဆေမျိုးနွယ်ခေါင်းဆောင်မှာ မိုးရိပ်ဖြစ်သည်။ ခေါင်းဆောင်မိုးရိပ်မှာ အာဏာမက်သူဖြစ်ပြီး အရာရာကို ဉာဏ်နှင့် အလုပ်လုပ်သူဖြစ်သည်။ ထို့ကြောင် မိုးရိပ်လက်ထက်တွင် တစ္ဆေမျိုးနွယ်၏ လက်များမှာ သွေးသာအမြဲစွန်းရပြီး မိသားစုနှင့် ခွဲနေရသည်။ ဉာဏ်ကောင်းသောကြောင့် ကြံစည်သမျှအောင်မြင်နေသည်။ အာဏာမက်သူဖြစ်သော်လည်း ချီးမြှင့်ထိုက်သူကို ချီမြှင့်ပြီး အပစ်ပေးထိုက်သူကို အပစ်ပေးသည်။ လူမျိုးနွယ်များ မညီညွှတ်ဘဲ ထင်တိုင်းကျဲနေကြသည်ကို မိုးရိပ်သိသော် ထိုအချင်းအရာကို အခွင့်အကောင်းယူပြီး ‌ကျူးကျော်လေသည်။ ပြည်နယ်များထဲတွင် အာဏာအကြီးဆုံးမှာ ဟံသာဝတီဖြစ်ပြီး ဒုတိယ အာဏာအကြီးဆုံးမှာ အင်းဝဖြစ်သည်။ ထို့ကြောင့် အားနည်းသည်ဟု ထင်ရသည့်ဗမာပြည်ကို အရင်ကျူးကျော်သည်။

*ဗမာပြည် နယ်စပ်၌*

"တိုက်...ကျူးကျော်သူတွေကို အကုန်သတ်ပစ်"

သူမကတော့ ဗမာပြည်မင်းသမီး သီရိစန္ဒာဖြစ်သည်။ သီရိစန္ဒာမှာ လက်ရှိ ဗမာပြည်မင်းကြီးရာဇာထွန်းနှင့် မိဖုရားခေါင်ကြီး ထိပ်တင်ရတနာတို့၏ တစ်ဦးတည်းသော သမီးတော်ဖြစ်သည်။ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသူဖြစ်သည်။ ယခုလည်း ဗမာပြည်နယ်စပ်တွင် တစ္ဆေမျိုးနွယ်များကျူးကျော်လာသည်ဟု သတင်းရသဖြင့် သူမကိုယ်တိုင် လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်ရေးမှာလည်း နန်းတွင်းအကျော်အမောများအပြင် သိုင်းလောက ဆရာကြီးများက သင်ပေးထားသဖြင့် ထိပ်တန်းအဆင့်လို့ ပြော၍ရသည်။ တစ်ခုရှိသည်ကား တစ္ဆေမျိုးနွယ်မှာ မှော်ပညာတက်မြောက်သဖြင့် မလွယ်ကူချေ။ သို့ကြောင့် တိုက်ပွဲဖြစ်ပြီး ခုနစ်ရက်မြောက်နေ့တွင် စစ်ပန်းစဖြစ်လာသည်။

တစ္ဆေပျိုရဲ့ ချစ်မေတ္တာWhere stories live. Discover now