အပိုင်း၂၃(Unicode)

172 5 2
                                    

လွမ်းဟိန်းထက်မှူးကို ခိုးမပြေးခင်ကတည်းက ဒယ်ဒီဆီကို မက်ဆေ့ပို့ပြီး လွမ်းကို ခိုးပြေးသွားပြီဖြစ်ကြောင်း အသိပေးခဲ့သည်။အဲ့မက်ဆေ့တွေ့ပြီးကတည်းက သူ့ရဲ့ဖုန်းကို ဆက်တိုက်ခေါ်နေသော ဒယ်ဒီကြောင့် ဖုန်းပါဝါပိတ်ထားလိုက်ကာ လုံခြုံစိတ်ချရသည့်နေရာရောက်မှသာ ဖုန်းပြန်ဖွင့်တော့ ချက်ချင်းဝင်လာသော ဖုန်းကြောင့် နက် မျက်ခုံးပင့်တက်သွားရသည်။ဦးနေရောင်စျာန်တို့ကတော့ ဘယ်လောက်တောင် ကြိုးပမ်းဖုန်းခေါ်နေသလား။

"ခွန်းသက္ကရာဇ်စျာန်!!!!"

သူ့ဖုန်းကိုင်လိုက်သည့်နှင့်အတူတူ ဒေါသထွက်နေသောအသံဖြင့် ခေါ်လာသော ဒယ်ဒီရဲ့အသံကြောင့် နက် ဖုန်းကို နားနဲ့ခနခွာထားလိုက်ရသည်။

"ဒယ်ဒီ ကျွန်တော်ကို နားကန်းစေချင်တာလား ဖုန်းလိုင်းတွေအကောင်းကြီးရှိသေးတယ်"

"မင်းဘာအချိုးချိုးတာလဲ ခွန်းသက္ကရာဇ်စျာန်"

ဒယ်ဒီကတော့ ခက်ပြီ။သူ့ဒီလောက်မက်ဆေ့နဲ့ပို့ထားပြီး အသိပေးထားတာကို ထပ်အတည်ပြုသလိုမေးလာပြန်သည်။

"ဒယ်ဒီကို မက်ဆေ့ပို့ထားသလို လွမ်းကို ကျွန်တော်ခိုးပြေးသွားတာ"

"မင်း ခိုးပြေးသွားတာ မိန်းကလေးမဟုတ်ဘူး ယောကျာ်းလေးတစ်ယောက်ဆိုတာ မင်းသိလား သားနက်"

ဦးနေရောင်စျာန်အေးဆေးပြောတော့။

"ကျွန်တော်သိတယ် ဒယ်ဒီ သူ့ကို ကျွန်တော်ကလွဲပြီး တခြားသူဆီပေးရလောက်တဲ့အထိ စိတ်မချဘူး"

နူးနူးညံ့ညံ့​ဖြင့် ဖုန်းထဲက သူ့ကိုပြောနေတဲ့ကောင်က သူ့ရဲ့သားရေခဲတုံး ခွန်းသက္ကရာဇ်စျာန်ဟုတ်ပါ့လေစ။

" အဲ့တော့ မင်း ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ"

"ကျွန်တော်မှာ အစီစဥ်ရှိပြီးသား အန်ကယ်ကောင်းတို့ဆီသွားဖို့က ဒယ်ဒီတာဝန်"

"သားအကောင်းစားလေးအတွက် ငါ့က သွားပေးရမှပေါ့"

"ကျွန်တော် လိမ္မာတာ ဒယ်ဒီ သိပါတယ်"

ဦးနေရောင်စျာန် ရွဲ့ပြောလိုက်သော စကားကြောင့် ဟိုအကောင်ပြန်ဖြေလာတဲ့အဖြေကြောင့် သွေးတက်ရတော့မည်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Onde histórias criam vida. Descubra agora