{ 32 } ZG

5K 118 4
                                    

မင်းသခင်ခက်ထန် အိပ်ဆေးခတ် ခံရပြီး နိုးလာတာနဲ့ ရောက်နေတာက ဂိုဏ်းရဲ့ အကျဉ်းထောင်။

တိုက်ပိတ်အကျဉ်းထောင်တွေလို တစ်ခန်းလုံးက မှောင်မဲနေပြီး အသက်ရှူဖို့အတွက် ၆ လက်မပတ်လည် လေရှူပေါက်လေးပဲရှိသည်။

မင်းသခင်ခက်ထန် သူ့အဘိုးကို ဘယ်လိုမှ နားမလည်နိုင်တော့ဘူး ။ဘိုးဘိုးကြီးကိုယ်တိုင် ခွင့်ပြုခဲ့ပြီးသားကို အခု ဒီလို လုပ်တာကျ သူစိတ်ဆိုးသည်။ကိုကို့ကို သူဘယ်လောက်တောင် တွေ့ချင်နေလဲ သူ့ကိုယ်သူသာ အသိဆုံး။

"အပြင်မှာ ဘယ်သူရှိလဲ !!!!
အပြင်မှာ ဘယ်သူရှိလဲ !!!
ဘိုးဘိုးကြီး!!! စိုင်းဖြိုး!!!
တောက်!  ဟိုကောင်တွေ မင်းတို့ အပြင်မှာ ရှိတာ ငါ သိတယ်။
ဘိုးဘိုးကြီးရော စိုင်းဖြိုးရော သားအနံ့ရနေတယ် ။
ဖွင့်ပေးကွာ ဖွင်ပေး... ကိုကို့ဆီ သွားရမှာလို့ ဟာကွာ..တောက် ! ဒုန်း ဒုန်း ဒုန်း!!!!"

မင်းသခင်ခက်ထန် အခန်းတံခါးကို တဒုန်းဒုန်းထုပေမဲ့ ဘာတုံ့ပြန်မှုမှ မရ၍ ပိုစိတ်တိုလာသည်။

ဉီးခက်ထန် အခန်းရှေ့မှာ ရှိနေပေမဲ့ တမင် မဖွင့်ပေးဘဲ ထားထားလိုက်၏ ။

မြေးအဘိုး နှစ်ယောက်ရဲ့လုပ်ရပ်တွေကို ဘေးကနေ ကြည့်ပြီး စိုင်းဖြိုးဖွင့်ပေးချင်တာမှ လက်တွေကို ယားနေတာပဲ ။

"ခေါင်းဆောင် သနားပါတယ်... ခေါင်းဆောင် ကို လွှတ်ပေးလိုက်ပါလားဗျာ"

"စိုင်းဖြိုး မင်း စကားတအားများလာတယ်"

ဉီးခက်ထန်က အသံမာမာဖြင့် ပြန်ပြောလာသဖြင့် စိုင်းဖြိုး ဘာမှ ဆက်မပြောတော့ချေ။

ဉီးခက်ထန်က အလုံပိတ်အခန်းလေး ရဲ့ ရှေ့မှာရှိတဲ့ ၆လက်မ ပတ်လည်အပေါက်ကလေးကနေ မြေးကို ကြည့်ပြီးသာ စကားပြောသည်။

"မြေးလေး"

"ဘာတွေ ဖြစ်နေတာလဲ ဘိုးဘိုးကြီး !!"

"မြေး နှစ်ရက်လောက် အိပ်ပျော်သွားတာ"

"ဘိုးဘိုးကြီး လုပ်တာလေ "

"ဟားဟား ....ဒီတစ်ခါ နောက်ဆုံးမေးမယ်"

"ကျစ် !မေးဗျာ"

Min Tha Khin Khat Htan  {S-2} {Completed}Donde viven las historias. Descúbrelo ahora