ပန်းတွေမျိုးစုံရနံ့လှိုင်နေတဲ့ကော်ဖီဆိုင်လေး ဆောနူဒီဆိုင်ကိုသိပ်ကြိုက်တာပဲ တစ်ပတ်ကိုတစ်ခေါက်လောက်တော့အမြဲတမ်းလာသည်။သူငယ်ချင်းတွေနဲ့ချိန်းလည်းဒီဆိုင်မှာပဲချိန်းကြပြီး အားလပ်တဲ့ရက်တွေဆိုသူတစ်ယောက်တည်းဒီဆိုင်မှာအကြာကြီးလာထိုင်လေ့ရှိသည်။ဆိုင်ကပန်းဆိုင်နဲ့ကော်ဖီဆိုင်ကိုတွဲဖွင့်ထားသည့်အပြင်cakeမျိုးစုံကောcupcakeလေးတွေပါရသည်။ဆောနူနှစ်အသက်ဆုံးအချက်ကတော့ဒီဆိုင်ကဖွင့်လေ့ရှိတဲ့သီချင်းတွေကဆောနူအကြိုက်ဆုံးတေးသီချင်းတွေ
ဒီနေ့လည်းဆောနူဂျောင်ဝန်းကိုကော်ဖီဆိုင်မှာလာစောင့်နေခြင်းဖြစ်သည်။အတန်းကလုပ်ခိုင်းတဲ့Historical thesisအတွက်နှစ်ယောက်သားအတူစာတမ်းလုပ်ကြဖို့ချိန်းထားကြခြင်းဖြစ်သည်။ယန်းဂျောင်ဝန်းကအမြဲနောက်ကျလေ့ရှိတာမို့လို့ဆောနူစိတ်အေးလက်အေးသာစောင့်နေမိသည်။ထိုစဥ်ဆောနူမြင်ကွင်းထဲဝင်ရောက်လာတဲ့အရာတစ်ခု Tulipပန်းအဖြူရောင်တွေစုစည်းထားတဲ့ပန်းစည်းကြီးကိုကိုင်ပြီးဆိုင်ထဲဝင်လာတဲ့သူ အညိုရောင်ကုတ်အရှည်နဲ့နွားနို့လိုဖြူဖွေးနေတဲ့အသားအရည် နှာတံချွန်ချွန်ဘေးကထင်းနေတဲ့မှဲ့နက်လေး တစ်ချက်ချက်ပြုံးလိုက်တိုင်းပေါ်လာတဲ့သွားစွယ်လေးတွေ အင်း...ယောကျာ်းလေးအချင်းချင်းတောင်လည်ပြန်ငေးရပါ့လား ထိုသူဟာဆိုင်ရဲ့အတွင်းဘက်ထဲကိုဝင်သွားလျက် ။ဆောနူငေးကြည့်မိနေတုံးဂျောင်ဝန်းရောက်လာလေသည်။
''ဆောရီး ဆောနူရာငါအိမ်ကထွက်လာတာအမေကသူ့သူငယ်ချင်းအိမ်လိုက်ပို့ခိုင်းနေတာနဲ့ နောက်ကျသွားတယ်''
''မင်းနောက်ကျတတ်မှန်းသိပါတယ်နော် လာလိမ်မနေနဲ့''
ဆောနူပြောလိုက်တော့ဂျောင်ဝန်းကစပ်ဖြဲဖြဲပြန်ပြုံးပြလာသည်။ဆောနူနဲ့ဂျောင်ဝန်းကတက္ကသိုလ်ပထမနှစ်မှသူငယ်ချင်းစဖြစ်ပေမဲ့ စိတ်တူကိုယ်တူရှိတာများသည်။ခန္ဓာကိုယ်အရွယ်အစားကော အကျင့်ချင်းပါတူတာများသည်မို့သူငယ်ချင်းတစ်ယောက်ရသည်ထက်အမြွှာညီလေးတစ်ယောက်ရလိုက်သည့်အတိုင်းပင်။
အဲ့ဒီ့နေ့ကဆောနူဂျောင်ဝန်းနဲ့စာတမ်းပြုစုတာပြီးတော့ဆိုင်လေးထဲကိုတချက်ရှာကြည့်ခဲ့မိသေးသည်။အစောနကလူများထပ်တွေ့မိမလားလို့လေ....
•••••••••••••••••••••••••••••••••••••••••••••••••••••••••
ဆောနူစာကြည့်တိုက်ရဲ့ပြတင်းပေါက်နားမှာထိုင်ပြီးစာအုပ်တစ်အုပ်ကိုအသည်းအသန်ဖတ်နေမိသည်။ထိုစာအုပ်ကရောမခေတ်ရဲ့သမိုင်းကြောင်းရေးထားတဲ့စာအုပ် ဆောနူကစာအုပ်မျိုးစုံဖတ်လေ့ရှိတာငယ်ငယ်ထဲကဖေဖေမွေးမြူပေးခဲ့တဲ့အကျင့်တစ်ခု လူတွေရဲ့စိတ်ကိုစာအုပ် စာပေနဲ့ထိန်းကျောင်းသင့်တယ်လို့လည်းဆောနူထင်သည်။