Unicode
----" ဟေး!! မင်းတို့တွေ သူတို့တွေအကုန်လုံးကိုအခမဲ့ မီးလောင်တိုက်သွင်းပေးလိုက်တော့ "
" ဟုတ်ကဲ့!!!...boss!!! "
" မင်း!!...မင်း!!...မင်းမသေသေးဘူး "
" ပါးစပ်ပိတ်ထား!...ယွင်! ပြေးတော့! သားလေးကိုကာကွယ်ပါ ပြီးတော့ဂရုစိုက်ကြပါကိုယ့်ကိုစိတ်မပူနဲ့ "
ကျိုးယွင်ချီ တပည့်တေကိုအမိန့်ပေးပြီးထွက်သွားဖို့ပြင်လိုက်ပေမဲ့ သူ့လက်ထဲကသေနတ်ကဆွဲလုခံရပြီးသူ့ရဲ့နထင်ကိုလာထောက်ခြင်းခံထားရတာကြောင့် ကြည့်လိုက်တော့ အစောကသူသတ်လိုသေသွားပြီလို့ထင်ခဲ့တဲ့ ကျိုးယဲ့ယွမ်။ သူမေးလိုက်တော့ သူ့ကိုပါးစပ်ပိတ်ထားဖို့ပြောကာ ခယ်မဖြစ်သူနဲ့တူလေးကိုထွက်ပြေးခိုင်းနေလေတယ်။ သူလည်းနထင်မှာထောက်ထားတဲ့သေနတ်ရှိနေသေးတာကြောင့်မလှုပ်ရဲပဲအသံတိတ်နေလိုက်ရတယ်
" အစ်ကို!... "
" ဘာမှမပြောနဲ့တော့!သားလေးကိုရအောင်ကာကွယ်ပါ သွားတော့ဒီနေရာနဲ့အဝေးဆုံးကိုထွက်သွားတော့! မင်းတို့တွေတစ်ချက်လှုပ်တာနဲ့မင်းတို့ရဲ့ခေါင်းဆောင်အသေပဲ!! "
သူမတို့ကိုထွက်ပြေးဖို့ပြောနေတဲ့အကိုကဘာမှမဖြစ်ထားသလို တောင့်ခံထားလေတယ်။ သူမအစကအကို့ကိုသေပြီလို့ထင်မိတယ် ဒါပေမဲ့အကိုဟာမသေသေးပဲ သူမတို့သားအမိလွတ်မြှောက်နိုင်ဖို့အထွက်အားတင်ကာ ခဲအိုဖြစ်သူကိုခြိမ်းခြောက်နေခဲ့တယ်။
" မ...မလုပ်ပါနဲ့...ငါ့...ငါ့ကိုမသတ်ပါနဲ့ ဟျောင့်တွေ!! မင်းတို့လက်နက်တွေချထားလိုက်!! ငါမသေချင်သေးဘူး "
" အဟက်...ကိုယ့်အလှည့်ကျတော့ကြောက်တတ်လှကြီလား!!? အစ်!.ကို!...ဟားးးး "
သူမလည်းအကို့ရဲ့စကားအတိုင်းအပြင်ကိုအမြန်ထွက်ကာပြေးနေရင်းနောက်ဆုံးကြားလိုက်ရတဲ့အကို့ရဲ့စကားများနဲ့ ကျောချမ်းစရာကောင်းအောင်အော်ရယ်လိုက်တဲ့အကို့ရဲ့အသံသာဖြစ်တယ်။သူမနောက်ကိုလှည့်ကြည့်မိတော့မြင်လိုက်ရတဲ့မြင်ကွင်းက အိမ်တစ်ခုလုံးမီးတောက်မီးလျှံများကအရှိန်ပြင်းနဲ့တောက်လောင်နေတဲ့မြင်ကွင်းကစီးကြိုလို့နေလေတယ်။ ဒါပေမဲ့သူမရဲ့ပြေးလွှားနေတဲ့ခြေလှမ်းများကိုတော့မရပ်တန့်နိုင်ခဲ့ဘူး။သူမရဲ့သားလေးကိုကာကွယ်ရဦးမယ်။သူမတောင့်ခံထားရမယ် နောက်ပြန်လှည့်လို့မဖြစ်ဘူး။အကိုကသူမတို့သားအမိအတွက်အသက်ကိုစတေးပြီးလွတ်မြှောက်နိုင်အောင်စွမ်းဆောင်ပေးခဲ့တယ်မဟုတ်ပါလား???
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...