{ 33 } Uni

16.4K 1K 158
                                    

ချမ်းဆောင်းဟန်ရဲ့ လက်တွေကို ချမ်းဆောင်းဟန်ရဲ့ ခေါင်းအထက်မှာရှိစေပြီး လက်တစ်ဖက်တည်းနဲ့ ထိန်းချုပ်ထားရုံသာမက ချမ်းဆောင်းဟန်ရဲ့ အလယ်ပိုင်းရပ်ဝန်းကိုလဲ ဒူးတစ်ဖက်နဲ့ မထိတထိ ပွတ်သပ်နေသေးသည်။

ချမ်းဆောင်းဟန်ကို စိတ်ဆိုးနေသဖြင့်  လုံးဝ မနမ်းဘဲ လည်ပင်းကနေစပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ပိုင်းလုံးကို နှူတ်ခမ်းနဲ့ အားပြင်းပြင်း လိုက်စုပ်လျက် လစ်ဟာနေတဲ့ ရင်ဘက်တစ်ပိုင်းလုံးကို တစ်နေရာမှမကျန် အမှတ်အသားတွေ လုပ်ပစ်လိုက်တာကြောင့် ချမ်းဆောင်းဟန် ဒေါသတွေက ထွက်လာသည်။

သူက အမြဲတမ်း ရင်ဘက်က ကြယ်သီးတွေကို သုံးလုံးလောက် ဖြုတ်ထားတတ်တဲ့ လူ။
အခုကျတော့ သူ့ရင်ဘက်တွေ  ဘယ်လောက်တောင် ရဲပတောင်း ခတ်နေမလဲ ဆိုတာ သူ ငုံ့မကြည့်နိုင်ပေမဲ့လည်း သိနေရသည်။

ဒီအမှတ်ရာတွေသာ တခြားသူတွေ မြင်သွားရင် ဂရုစိုက်စရာမလိုပေမဲ့ တစ်ချို့ကိစ္စတွေက သိသာသိစေ မမြင်စေနဲ့ ဆိုသလိုပဲ။ ဒီကောင်လေးရဲ့ တဇွတ်ထိုး လုပ်ချင်ရာ လုပ်တတ်တဲ့ အကျင့်ကို လုံးဝ မကြိုက်ပေ။

"မင်း ငါ့ကို ဘာတွေ လုပ်နေတာလဲ!!! "

"မိန်းမလိုချင်စိတ်မရှိတော့အောင် လုပ်ပေးမလို့"

မိုးပြာရင့်ရောင် မျက်လုံးလေးတွေနဲ့ စိုက်ကြည့်ပြီး အပြောခံရတဲ့ ဒဏ်ကို ဘယ်သူကများလွန်ဆန်ဝံ့မှာလဲ။
အထူးသဖြင့် ချမ်းဆောင်းဟန်လိုလူက ပိုဆိုးသေး။
ဒီမျက်ဝန်းလေးအောက်ကနေ ဘယ်လိုမှ ကို ရုန်းမထွက်နိုင်ဘူး။သို့သော် ဒီကလေးက သူ့အား တစ်ချက်တောင် မနမ်းသဖြင့် စိတ်တိုသည်။

"ဖယ်စမ်း ခွေးကောင်!"

ချမ်းဆောင်းဟန်ကသာ အသံမာမာနဲ့ ဖယ်ခိုင်းနေပေမဲ့ တက်ဖိထားတဲ့ မင်းသခင်ခက်ထန်ကတော့ ဂရုမစိုက် အလေးမထားစွာနဲ့ လူကြီးကို ပြန်ခံပြောပြန်သည်။

"မဖယ်နိုင်ဘူးဆိုရင်ကော"

သွေးအေးပြီး သြရှရှနိုင်တဲ့ အသံလေးက အော်ကြီးဟစ်ကျယ်ပြန်ပြောနေတာမျိုးမဟုတ်ပေမဲ့ မထီမဲ့မြင် လုပ်လွန်းအားကြီးတာကြောင့် ချမ်းဆောင်းဟန် ပိုဒေါသထွက်လာသည်။

Min Tha Khin Khat Htan  {S-2} {Completed}Onde histórias criam vida. Descubra agora