The first time in the first place

1.2K 125 13
                                    

Unicode

"မလိုက်ချင်ဘူး မလိုက်ချင်ဘူးလို့"

နီခီကသူ့ကို အတင်းဆွဲသည်။ သူကလည်း လှေကားလက်ရန်းအား ရည်းစားလေးကိုဖက်သလို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားသည်။ ဆိုတော့ကား ရည်းစားကိုဖက်ဖူးသလားဆိုတော့လည်း မဖက်ဖူးပါ။

"လိုက်ခဲ့လို့ မေမေက ဝန်းနီးဟျောင်းပါမှသွားတဲ့ လိုက်ခဲ့ပါဆို"

ဂျောင်ဝန်းကို ကောင်းကျိုးမပေးပါသော ထိုသောက်ကလေးလေးဟာ စာဂျပိုးရုပ်လေးနဲ့မှမလိုက် ဂိမ်းဝါသနာအိုးဖြစ်သည်။ တစ်ပတ်မှာ ရှစ်ရက်လောက်ကို ဂိမ်းဆိုင်မှာသွားဖြုန်းတီးခြင်းရဲ့ အကျိုးဆက်အနေနဲ့ ဒီတစ်ခေါက် အဆင့်ကတ်တွင် မှင်နီဖြင့်ရေးထားသော Mathematicsဆိုပြီး ပါလာခြင်း။ ‌ထပ်တွဲအကျိုးဆက်က ဂိမ်းဆိုင်ဘက်ကို ခြေဦးတောင်မလှည့်ရဟု အန်တီနီရှီမူရာရဲ့ ရာဇသံအမိန့်ကို ရရှိသွားရှာသည်။

"မကျေနပ်ရင် မင်းအမေကို အမှန်တိုင်းပြောလိုက်လေ ဂိမ်းဆိုင်သွားမှာလို့ မွေးနေ့ပွဲမဟုတ်ဘူးလို့"

"ကျားအမြီးပဲပြေးဆွဲလိုက်မယ်ဗျာ လိုက်ခဲ့လို့"

အခုလည်း ဂိမ်းဆိုင်သွားဖို့ကို သူငယ်ချင်းမွေးနေ့ဟု လိမ်ပြောကာ လစ်ထွက်ဖို့ ကြိုးစားပေမယ့် 'ဂျောင်ဝန်းနီးပါမှ သွားရမယ်'လို့ ပြောလိုက်တယ်ထင်ပါသည်။

"ငါလည်း မင်းနဲ့လိုက်မယ့်အစား အစ်ကိုဂျုံဆောင်းကို babyingမလုပ်ဘဲနဲ့ပဲ နေလိုက်တော့မယ် လက်ဆယ်ဖျားအုပ်မိုးလို့ ကန်တော့တောင်းပန်ပါတယ် ကျွန်တော်မျိုးကို အရှင်မင်းသား အရှုပ်ထဲဆွဲမထည့်ပါနဲ့ ရှိကြီးခိုးပါရဲ့"

ဥပဓိရုပ်ခံလေးကြောင့် လူလိမ္မာပုံပေါက်နေတဲ့ သူ့ကို နီရှီမူရာမိသားစုက ‌နီခီရဲ့စီနီယာအနေနဲ့ကော အိမ်နီးနားချင်းအစ်ကိုအနေနဲ့ကော အရမ်းယုံကြည်ပုံရသည်။

"စီနီယာာာာာ"

နီခီကငိုသံနဲ့ အော်ပြောသည်။ စိတ်ပျော့လွယ်တဲ့ ဂျောင်ဝန်းအ‌နေနဲ့လည်း နီခီကို နည်းနည်းသနားမိသွားသည်။ ထိုကြောင့်ပဲ လက်ရန်းကို ပိုပြီးခပ်တင်းတင်းနဲ့ မလွတ်စတမ်း ဖက်ထားရုံသာမက မျက်နှာပါအပ်လိုက်သည်။

Just Play The Game Not My HeartWhere stories live. Discover now