အပိုင်း - ၈၄ ( စာဂျပိုးတွေ စာဖတ်တာ အရမ်းမြန်တယ် )(ခင်ဗျားတို့ ဓားပြတွေ နားမလည်ပေါင်)
မနက်စောစောအချိန်တွင် ဖြစ်သည်။
နေရောင်ခြည်က လွန်စွာမှ နွေးထွေးနေကာ ကျေးငှက်သာရကာများလည်း ခြံဝန်းထဲ သီကြူးနေ၏။ ဝမ်းလျိုနျဲန်က အညောင်းအညာဆန့်လိုက်ကာ အိပ်ရေးသိပ်မပြယ်သေးသည့်နှယ် အနည်းငယ်ဆက်အိပ်ဖို့ စောင်ထဲ ပြန်ကွေးနေလိုက်သည်။
ကျောက်ယွဲ့ကမူ ကုတင်ခေါင်းရင်းကို မှီနေလျက် ဝမ်းလျိုနျဲန်၏ မျက်နှာလေးကို တို့ထိကျီစယ်လိုက်၏။
ဝမ်းလျိုနျဲန်က မျက်မှောင်ကြုတ်သွားကာ စောင်ထဲ ခေါင်းတိုးဝှေ့ထားလိုက်သည်။
ကျောက်ယွဲ့က သူ့လက်ကို တို့ထိလာပြန်၏။
တစ်ဖက်လူကလည်း သူ့လက်ကိုသူ ရွှဲခနဲ စောင်ထဲ ပြန်သွင်းလိုက်ပြန်သည်။
ကျောက်ယွဲ့က အားပါးတရ ရယ်မောလိုက်ကာ လူကို ပက်လက်လှန်စေလိုက်ပြီး အပေါ်မှ ဖိထားလိုက်ကာ နမ်းရှိုက်လာသည်။
ထိုခါမှ ဝမ်းလျိုနျဲန်က နှေးကွေးတုံ့ဆိုင်းစွာ မျက်လုံးပွင့်လာတော့၏။ အကြောင်းမှာ သူ၏နှုတ်ခမ်းသားများက ပူနွေးစိုစွတ်လာသည်မို့။
ကျောက်ယွဲ့ကမူ တစ်ဖက်လူ၏ခါးအား လက်နှစ်ဖက်ဖြင့် မြဲမြံတင်းကျပ်စွာ ဖက်တွယ်ထားလျက်၊ မျက်လုံးနှစ်ဖက်ကိုလည်း စုံမှိတ်ထားကာ ပို၍ပြင်းပြမက်မောစွာ နမ်းရှိုက်လာသည်။ နှစ်ယောက်သားမှာ လွန်စွာမှ ပူးကပ်နေလေရာ ခပ်ပါးပါးအတွင်းဝတ်မှတစ်ဆင့် ကိုယ်ပူရှိန်များအား ခံစား၍ရနေ၏။ ထို့အတူ သူတို့ရင်ထဲရှိ အပူလှိုင်းများကလည်း တဖြည်းဖြည်း အရှိန်မြင့်လာပေ၏။ ဝမ်းလျိုနျဲန်က အပေါ်ကလူ၏ ကျောပြင်အား ဖက်တွယ်လိုက်ကာ ခေါင်းအနည်းငယ်မော့ပေးလာသဖြင့် တစ်ဖက်လူထံမှ ပို၍ပြင်းထန်သော တုံ့ပြန်မှု ရရှိလိုက်ပေသည်။
ထိုအနမ်း ပြီးဆုံးသွားသောအခါ နှစ်ယောက်သားမှာ ကပိုကရိုဖြစ်သွားကြကာ ကျောက်ယွဲ့က လူကို ရင်ခွင်ထဲ ဖက်ထားလျက် လက်တစ်ဖက်အား ခါးအနောက်ပိုင်းဆီ ဖြည်းညှင်းစွာ ချဥ်းကပ်သွားသည်။ ထို့နောက် ခါးစည်းကြိုးအား ဖြည်လိုက်၏။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...