1

102 4 3
                                    

ကမ္ဘာ့‌အပြင်းဆုံး ငလျှင်ကပ်ဘေးကြီးထဲကတစ်ခု။
ပြိုကျပျက်စီးနေတဲ့ အဆောက်အဦးတွေကြား လူအုပ်ကြီးက  အသိစိတ်ပျောက်ကာ အသက်ရှင်သန်နိုင်ဖို့ ပြေးလွှားနေကြတယ်။
အဲ့ဒီလူတွေထဲ ရှောင်းလုံဆိုတဲ့ အသက်၂၇နှစ်အရွယ် ကောင်လေးတစ်ယောက်တော့ မပါခဲ့ဘူး။
၁၀နှစ်တိုင်အောင် ချစ်ခဲ့ရတဲ့ ချစ်ရသူက သူ့လတ်ဆတ်လှတဲ့လူပျိုဘဝကို ငွေအနည်းငယ်အတွက်နဲ့ တစ်ခြားသူဆီမှာရောင်းချလိုက်မှန်း သိလိုက်ရတယ်။
သူ့ရင်ဘတ်ထဲက လှုပ်နေတဲ့ အသည်းနာခြင်း ငလျှင်လောက် ဘယ်ငလျှင်ကများ ကြီးမားနိုင်မည်လဲ။
သူဟာ ခြေလှမ်းနှေးနှေးနဲ့ ခေါင်မိုးထပ်ကိုတက်လာခဲ့တယ်။
သူရဲ့  ဆိုးဝါးလှတဲ့ချစ်မိခြင်းရဲ့အပြစ်ဒဏ်အတွက် မျက်ရည်စတွေကို  နောက်ဆုံးအကြိမ်ကျခွင့်ပေးထားခဲ့တယ်။

"ချစ်မိခဲ့တဲ့ အပြစ်တွေပဲ...
အကျိုးရှိအောင် အသုံးချသွားခဲ့တာက မင်းရဲ့ပညာတွေပါ...
မင်းအတွက် ငါ့ရဲ့ ပေးဆပ်ရခြင်းတွေက ပြီးဆုံးပြီ..

အချစ်အတွက်နဲ့ စုတ်ပြတ်သပ်သွားခဲ့တဲ့ ဘဝ။
အနာဗရပွနဲ့ရင်ဘတ်တစ်ခုလုံးကို ဒီနေရာမှာပဲ ထားခဲ့ပြီ။
ခေါင်းနောက်ဖက်က ‌စိုထိုင်းထိုင်းခံစားချက်တစ်ခု။
သွေးပင်လယ်က လမ်းမကြီးပေါ် လျှံထွက်လာတော့ မျက်ဝန်းအစုံဟာ မှိတ်ကျသွားပြီး အတွေးတို့ကလည်း ငြိမ်သက်သွားသည်။

*သူ သေသွားခဲ့ပြီ*


Accတစ်ခုမှာ အရင်စလုပ်ခဲ့ဖူးပြီးသား ဇာတ်ကြောင်းတစ်ခုပါ။
မကျွမ်းကျင်လို့ ရပ်နားခဲ့ရာက ပြန်ရေးကြည့်တာပါ။
အပိုင်းတွေက ဒီပုံအတိုင်း တိုတိုလေးတွေပဲ ဖြစ်မှာပါ။ရှည်တဲ့အပိုင်းလဲ ရှည်မှာပေါ့။

You've reached the end of published parts.

⏰ Last updated: Dec 15, 2022 ⏰

Add this story to your Library to get notified about new parts!

Realbot Where stories live. Discover now