" တို့တတွေတော့ မိုးမီးလောင်ပြီ ထင်တယ် "
တုန်ရီရီ အသံဖြင့် လက်တို့၍ ပြောလာသော Lee Joonaကို Jennie တစ်ယောက် မျက်စောင်းထိုးကာ စင်ပေါ် စီနေလက်စ ပေါင်းဆေးဘူးများထံ လက်လှမ်းလိုက်ပြန်သည်။
စတိုခန်း ငယ်ထဲတွင် မျက်နှာကျက်မှ ပန်ကာလည်သံ တကျက်ကျက်မှ တစ်ပါး အရာရာသည် တိတ်ဆိတ်လျက်။
" Jennie Yarr.... နင်တကယ် ဒီတိုင်းထားထားမှာလား။ တစ်ခုခု လုပ်ဦးလေ"
ဒုတိယ အကြိမ်မြောက် Joona ၏ စကားသံ အဆုံး၌ Jennieထံမှ သက်ပြင်းချသံက ဆောင့်ကြီးအောင့်ကြီး ထွက်လာလေ၏။
"Joona ..... ။ မကျေနပ်ရင် နင့်ဟာနင် ထွက်ပြောလေ။ ဘာလို့ ငါ့နား ပွစိပွစိ ထိုင်ရွတ်နေရတာလဲ "
" Jen ရယ်....။ ငါက အစစ်မတွေနဲ့ အပေါက်အလမ်း မတည့်တတ်တာလည်း နင်အသိ။ နဂို ကတည်းက အဲ့ဒီ မိုးပေါ်က မဆင်းတဲ့ မိန်းမ ကို ကြည့်မရတာလည်း နင်အသိ။ အခုဟာက တခြား ကလေးမ တွေ အရစ်ခံနေရမှာ စိတ်ပူလို့ နင့်ကို အားကိုးနေတာပါဟယ်..."
တတိယ အကြိမ်မြောက် သက်ပြင်းချသံ အဆုံး၌ ဆေးဘူးများ ကုန်သွားပြီ ဖြစ်သော ဂျပ်ဖာ အလွတ်ကို Joona ထံ ပစ်ပေါက်လိုက်ကာ စတိုခန်း တံခါးကို ဆွဲဖွင့်လိုက်သည်။
အပြင်သို့ ခြေတစ်လှမ်းချပြီးမှ အခန်းထဲ ဆတ်ခနဲ ပြန်လည် လှည့်ကြည့်ကာ
" Sunday မှာ Hot pot တစ်ပွဲ...."
" ဟယ်.... Jennie ရယ်...။ ကိုကို့ မွေးနေ့ နီးလို့ present အတွက် စုနေတာ မပြည့်သေးလို့ပါ။ အကြွေးမှတ်ထား။ အကြွေး။ နော်"
" အပို မပြောနဲ့။ ငါ့ Hot pot ဖိုးက နင့် နှုတ်ခမ်းနီ တစ်တောင့်စာ မရှိဘူးကောင်မ"
" ပူဇော်ပါတယ်။ ပသ ပါတယ်။ အရှေ့ကို ကြွချီတော်မူပါတော့ "
ရစ်ရတာ အားရပြီ မို့ ခေါင်းမော့ကာ ခပ်ဟဟတစ်ချက် ရယ်လိုက်ပြီး ဆိုင်ရှေ့ သို့ ထွက်လာခဲ့သည် ။
ပေါင်လယ် အထက်တွင် အောက်နား၌ အမြိတ် ဖွာနေသော Jean ဘောင်းဘီ နက်ပြာရောင် ခပ်တိုတိုက သွယ်ဆင်း နေသော ပေါက်တံ အလှကို ထင်ထင်ရှားရှား ဖော်ညွှန်းပြသည်။