🧡Fȋ̈𝚗𝚊𝗅🧡

851 101 3
                                    

Unicode

"ရင်တွင်း၌ဖြစ်တည်သော"Final

ပါဝင်သည့်ဇာတ်ကောင်-ထားလက်ပန်
                                         ပျိုနုရွယ်ဇင်

(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)
-----------------------🧡🧡🧡-----------------------
ရွယ်ဇင်အိမ်ပေါ်ကနေကုတ်ချောင်းကုတ်ချောင်း
နဲ့ဆင်းလာလေသည်၊အပေါ်မှာလည်းမရှိဘူး၊
မီးဖိုချောင်ဘက်ကိုသွားကာချောင်းကြည့်လိုက်
ချိန်မှာလည်းလက်ပန်ကိုမတွေ့၊ဒါဆို𝙲𝚘𝚖𝚙𝚊𝚗𝚢
သွားပြီပေါ့၊မနေ့ညကတီလေးတစ်ယောက်
ရွယ်ဇင့်ကိုနမ်းလိုက်သည်မလား၊ရွယ်ဇင်နဲ့သာ
မျက်နှာချင်းဆိုင်တွေ့ရင်အသံနက်ကြီးနဲ့နမ်း
လိုက်တာကိုဘာခံစားချက်မှမပါဘူးဆိုပြီးအော်
ပြောလေမလား၊ဒါမှမဟုတ်ညကအဖြစ်အပျက်
ကိုတစ်ခါမှမဖြစ်ခဲ့ဖူးသလိုမေ့ပစ်လိုက်ပါဆိုပြီး
ပြောမလားတစ်ကယ်သိချင်လှသည်၊တီလေးလို
လူကတော့ချော့မော့ပြီးရွယ်ဇင့်ကိုပြောနေမယ်
မထင်၊ကျိန်းသေအသံမာမာနဲ့ပြောမှာသေချာ
သလောက်ရှိသည်။

"နိုးနေပြီလား"

"အမလေး!"

အနောက်ကလက်ပန်အသံကြားလိုက်တာကြောင့်
ရွယ်ဇင့်ကိုယ်လေးတုန်တက်သွားလေသည်၊
အောက်နှုတ်ခမ်းနဲ့အပေါ်နှုတ်ခမ်းကိုဖိလိုက်ကာ
အနောက်ကိုလှည့်ကြည့်လိုက်သည်၊အိမ်နေရင်း
အဝတ်အစားတွေနဲ့မို့ရွယ်ဇင်မျက်လုံးလေးတွေ
ပြူးကျယ်သွားရသည်၊ဘာလည်း..Ċȯṁṗȧṅẏ
မသွားဘူးလား။

"တီ.တီလေးကဒီနေ့𐊢օm𝚙ɑ𝖓𝑦မသွားဘူးလား"

"အင်း..မင်းကိုအပြင်လိုက်ပို့မလို့"

စိတ်ထဲပျော်သွားပေမဲ့အကြိမ်ကြိမ်မျှော်လင့်ချက်
တွေကိုရိုက်ချိုးခဲ့တာမို့ရွယ်ဇင်မယုံရဲပေ၊အချိန်
တန်သူ့အလုပ်ပေါ်လာအုံးမှာပါပဲဆိုပြီးဖြေသိမ့်
လိုက်သည်၊လက်ပန်မှာလည်းသူအ‌ပြင်လိုက်ပို့
မယ်ပြောရင်ကလေးငယ်ရဲ့ပျော်သွားတဲ့မျက်နှာ
လေးမြင်ရမယ်ထင်လိုက်ပေမဲ့တစ်ကယ်တမ်း
တော့ရွယ်ဇင်ကပုံမှန်အတိုင်းပင်၊ဖြစ်သင့်ပါ
တယ်လေလက်ပန်ကရော..လိုက်ပို့မယ်ပြောပြီး
အမြဲတမ်းအရာရာနဲ့အကြောင်းကြောင်းဖြစ်နေ
တာကြီးပဲမလား။

𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)Where stories live. Discover now