Chapter -39

639 27 0
                                    

Unicode
————

လက်ရှိအချိန်…

“ အဲ့ဒီနောက် ကျွန်မပြန်သတိရလာတော့ မြင်လိုက်ရတာက သခင်လေးချင်းဇီဖုန်း ”

“ သခင်လေးချင်းဇီဖုန်း??? ”

သူမပြောစကားကိုသံယောင်လိုက်ကာပြန်မေးလာတဲ့ သူမရှေ့ကလူသုံးယောက် ဒါကြောင့်သူမခေါင်းညိတ်ပြကာဆက်ပြောလိုက်တယ်

“ သခင်လေးချင်းဇီဖုန်းပြောတာတော့ အဲ့အချိန်တုန်းကသူလည်း M city ကနေအလုပ်ကိစ္စပြီးတော့ပြန်လာတဲ့လမ်းမှာ တစ်ကိုယ်လုံးသွေးတွေနဲ့ရှိနေပြီး သတိလစ်နေတဲ့ကျွန်မကိုတွေ့တာကြောင့်ကားပေါ်ကနေဆင်းကြည့်တဲ့အခါမှာအသက်ရှူနေသေးတာကြောင့်ကယ်လာတာဖြစ်ကြောင်း ကျွန်မသတိရလာတော့ရှင်းပြလာတယ် သူကကျွန်မကိုမေးခွန်းတချို့မေးတယ် ပြီးတော့ဒဏ်ရာတွေသက်သာလာတဲ့အထိကုသပေးတယ် ကျွန်မလည်းဒဏ်ရာတွေသက်သာလာတော့ကျေးဇူးပြန်ဆက်ချင်တယ်ဆိုပြီးချင်းအိမ်တော်မှာပဲ ထမင်းချက်တစ်ယောက်အဖြစ် ဒီ၁၀နှစ်လုံးလုံးနေခဲ့တယ် အဲ့ဒီမှာ‌ပုန်းကွယ်နေရင်းနဲ့ပဲ သားလေးကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့တာ ပြီးတော့ သားလေးကိုကာကွယ်နိုင်ဖို့အတွက် ဂိုဏ်းတစ်ခုကိုတည်ထောင်ခဲ့တယ် ”

“ ဒါဆိုလွန်ခဲ့တဲ့နှစ်လကျော်လောက်က ပါးဆီကိုလာပြီးမြေးငယ်လေးအကြောင်းကိုအသိပေးခဲ့တဲ့မျက်နှာဖုံးစွတ်နဲ့လူသုံးယောက်က သမီးရဲ့ဂိုဏ်းကလူတွေလား? ”

“ မဟုတ်ဘူး ”

“ မဟုတ်ဘူး!!…ဒါဆို ”

“ စိတ်မပူပါနဲ့ပါး သူတို့က ကျွန်မနဲ့ပူးပေါင်းထားတဲ့ဂိုဏ်းတစ်ခုကပါ ပြီးတော့ယုံကြည်လို့ရပါတယ် ”

“ ဟူးးး…တော်သေးတာပေါ့ ဒါနဲ့ဘာဂိုဏ်းကိုတည်ထောင်ထားတာလဲ? ”

သားလေးအကြောင်းကိုအသိပေးခဲ့တဲ့မျက်နှာဖုံးစွတ်နဲ့လူသုံးယောက်ကိုသူမရဲ့ဂိုဏ်းကလူတွေပဲလား?ဆိုပြီးမေးလာတဲ့ ပါးကြောင့်မဟုတ်ကြောင့်ပြောလိုက်တော့အတော်ကိုထိတ်လန့်သွားပြီးစိုးရိမ်နေတာကြောင့် စိတ်မပူဖို့နဲ့ယုံကြည်လို့ရကြောင့်ပြောလိုက်မှလေပူတစ်ချက်မှုတ်ထုတ်ကာ သူမဂိုဏ်းကိုမေးလာတာကြောင့် ပြောပြလိုက်တယ်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Nơi câu chuyện tồn tại. Hãy khám phá bây giờ