လွမ်ချာချာအနည်းငယ်စိတ်မကောင်းဖြစ်မိသည်၊ မူလပိုင်ရှင်သည် ရှန်းရှကို တစ်ခုခုလုပ်ခဲ့ပါသလား။
အတွင်းရေးမှူးသည် လွမ်ချာချာကို မကြာခဏ ကြည့်နေကာ လွမ်ချာချာသာမက အဘိုးကြီးတုကူပါ သတိထားမိလာစေသည်။
အဘိုးကြီးတုကူက စိတ်မရှည်ဖြစ်လာပြီး "ငါတို့ရှေ့မှာ မပြောနိုင်တာတစ်ခုခုရှိလား"
အတွင်းရေးမှူးက တုကူမိုဟန်ကို ရှက်ကိုးရှက်ကန်းနဲ့ ကြည့်နေတယ်၊ သူ သူ့တို့ကို ပြောရင် ကောင်းမှာလား။ သူဌေးရဲ့နောက်ကျောက ဒဏ်ရာရရုံသာရှိသေးတယ် ။ ဒါကိုသိရင် နောက်ထပ် ဒဏ်ရာ ထပ်ရလာမှာကို စိုးရိမ်မိတယ်။
တုကူမိုဟန်သည် ဤအဓိပ္ပါယ်မဲ့သော အရာအတွက် မိသားစုကို မစိုးရိမ်စေလိုသည်မှာ ထင်ရှားသည်။
"မင်း ကုမ္ပဏီကို အရင်ပြန်သွား" တုကူမိုဟန်က အတွင်းရေးမှူးကို ပြောသည်။
အတွင်းရေးမှူးက ခေါင်းညိတ်ပြသည် ။“ဟုတ်ကဲ့ "
"မသွားနဲ့ ၊ ရှင်းရှင်းလင်းလင်းပြော " အဘိုးအိုတုကူသည် လွမ်ချာချာကဲ့သို့ လျစ်လျူမရှုဘဲ ဖြစ်ပျက်ခဲ့သည်ကို အတိအကျ ရှင်းပြရန် အတွင်းရေးမှူးကို အမိန့်ပေးခဲ့သည်။
အတွင်းရေးမှူး၏ နဖူးမှ ချွေးများ စိမ့်ထွက်ကာ အဘိုးအိုတုကူ၏ ဖိအားကြောင့် ဘာလုပ်ရမှန်းမသိတော့ဘူး ။
တုကူရှောင်လင်း နှင့် ကျင်းယွီနှစ်ယောက်လုံး မနက်စာမစားတော့ဘဲ အသံမထွက်သော တုကူရီလည်း ရပ်လိုက်ကာ အတွင်းရေးမှူးကို အတူတူကြည့်လိုက်ကြသည်။
" ဒါကဒီလိုပါ ။ တချို့မီဒီယာတွေက ဒီဓာတ်ပုံတွေကို ဘယ်ကနေရလာမှန်း မသိပါဘူး။ သူဋ္ဌေးက မိန်းမတစ်ယောက်နဲ့ ပွေ့ဖက်နေတယ်လို့ သတင်းထွက်လာပါတယ် " အတွင်းရေးမှူးက တုကူမိုဟန်၏ပုံမဟုတ်ဟု မပြောရဲပေ။
ဒါက အခြားအမျိုးသမီးတစ်ဦးကို ပွေ့ဖက်ထားသည့် တုကူမိုဟန်၏ ဓာတ်ပုံဖြစ်သည် ။လွမ်ချာချာ၏ မျက်နှာသည် ဖြူဖျော့ပြီး ကြောက်စရာကောင်းစွာ သူမတစ်ကိုယ်လုံး တုန်လှုပ်နေသည်။ ကံကောင်းထောက်မစွာ၊ သူမကို ကြောက်အောင် လုပ်ခဲ့တဲ့တရားခံက မူလပိုင်ရှင်တော့ မဟုတ်ခဲ့ဘူး။
VOCÊ ESTÁ LENDO
The Green Tea Female Partner With the Male Lead ( Complete )
RomanceThe novel written by: Author: (Tángguo Fěnfen) ဤဝတ္တုသည် Translation Novel တစ်ပုဒ်ဖြစ်ပါသည် ။ မူရင်းစာရေးသူနှင့် Eng Translationကို credit ပေးပါတယ် This is not my own creation, it is just a translation of the original. Credit to the original author