Part - 3 🌸

254 15 28
                                    


[Unicode]
🎶 ပန်းချယ်ရီပွင့်တဲ့ တောင်တန်း . . . .

နှင်း မြူဆိုင်းတဲ့ တောင်တန်း . . . .

မောရှမ်းတို့ရဲ့မွေးမြေ . . . . .

ရှမ်းပြည်နယ်ကချစ်စရာ . . . . .

သာယာပျော်ရွှင်ခြင်းနဲ့ ပြည့်ဝခဲ့တာ . . . .🎶

ဦးစိုင်းဆိုင်မောဝ် ရဲ့သီချင်းထဲကလို
ပန်းရောင်အဆင်းရှိတဲ့ချယ်ရီတွေဝေ
နေအောင်ပွင့်တဲ့ရှမ်းပြည်နယ်။
ဆယ့်နှစ်လရာသီလုံးလုံးနှင်းမြူတွေအုံ့မှိုင်းပြီး‌ထင်ရှူးတောတန်းတွေနဲ့စိမ်းစိုလှပနေတဲ့
ချစ်စရာကောင်းတဲ့မြေ။

ရှမ်းပြည်နယ်တွင် မြို့၊ကျေးရွာများစွာရှိသည်။ထိုအထဲမှာမှ ချယ်ရီနန်းဆိုတဲ့
တောင်ပေါ်ရွာလေး . . . .။

ချယ်ရီနန်း ဆိုတဲ့နာမည်နဲ့လိုက်အောင်ချယ်ရီပန်းတို့စံပျော်ရာနတ်ဘုံနတ်နန်းတစ်ခုလိုသာယာအေးချမ်းလှကာပန်းနုရောင်
လွှမ်းခြုံထားတဲ့နေရာ . . . .။

ရွာအဝင်စင်္ကြံလမ်းမတစ်လျှောက်
ဘေးတစ်ဖက်တစ်ချက်ဆီတွင်ချယ်ရီပင်အိုကြီးများကအုံ့မှိုင်းစွာပေါက်ရောက်‌‌နေကြသည်မို့ချယ်ရီနန်းသည်ကား နတ်ဝှက်ထားတဲ့နေရာငယ်လေးတစ်ခုလိုပင်။ရှမ်းရိုးမတောင်တန်းကြီးကနေတိုက်ခတ်လာတဲ့လေပြေညှင်းများကြောင့်ချယ်ရီပန်းရနံ့တို့ကလည်းလေအဝှေ့တစ်ချက်မှာပင် ထုံသင်းစွာမွှေးပျံ့လာကြသည်။

ထိုသို့အေးချမ်းသာယာနေသောမနက်ခင်း၌ထွက်ပေါ်လာသောအသံတစ်ခု . . . .

"သူကြီးရေ သူကြီး"

"ဟေ့ကောင် ငါဒီမှာအော်ကြီးဟစ်ကျယ်နဲ့
ဘာဖြစ်လာတာလည်း "

အိမ်အပေါက်ဝမှာအော်နေတဲ့
စိုင်းသွေး‌လရောင်ကို ဦးစိုင်းလူးသာ အိမ်ဘေးကွက်ပျစ်တွင်ထိုင်နေရာမှာအသံလှမ်းပေးလိုက်‌တော့သူ့ဆီပြေးလာသည်။

"သူကြီး ပြဿနာတက်နေတယ်"

"မနက်စောစောစီးစီးငါ့ရွာမှာဘယ်‌ကောင်ပြဿနာရှာပြန်တာလည်းကွ"

"ဟို . . . .ဟို . . . .သူကြီးရဲ့သားပါ"

"ဟေ"

ဦးစိုင်းလူးသာ ဆက်ပြောမယ့်စကားတို့ကလည်ပင်းဝတွင်ပင်တစ်ဆို့သွားတယ်။

မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံWhere stories live. Discover now