အပိုင်း- ၁၂

495 71 18
                                    

Unicode

အကြောင်းအရာ -မင်းရဲ့ လောင်ကုန်းကို
လာတွေ့ပြီး သေချာလေးရှင်းပြပါအုန်း။

"ကျဲ ဘာလို့ထွက်ပြေးလာရတာလဲ"

"မနေချင်လို့ "

"ကျဲ!!!"

"နင့်ကိစ္စတွေထဲ ငါဝင်မရှုပ်ဘူး မပူနဲ့"

ဝမ်ရိပေါ် စိတ်မပူဖို့ပြောနေတဲ့ သူ့ရှေ့မှာ ထိုင်နေသူကိုကြည့်ပြီး စိတ်တွေပူလာရ၏။ မှန်၏။ တကယ်ကလက်ရှိ ဝမ်မိသားစုတွင် သားတစ်ယောက်တည်းသာ ရှိပေမယ့်
ဝမ်မိသားစုအခွဲမှ တစ်ဦးတည်းသော သမီးကိုပါ ထည့်တွက်ရင် ဒီမျိုးဆက်အတွက် ဝမ်မိသားစုတွင်သားတစ်ယောက်၊ သမီးတစ်ယောက်ရှိသည်ဟု ပြောနိုင်သည်။ ဒီအကြောင်းကို ပြင်ပလူတွေ မသိကြ။ တမင်လျှို့ဝှက်ထားခြင်းမဟုတ်ပေမယ့် လူတွေမသိကြသဖြင့် ကြာလာတော့ လျှို့ဝှက်ချက်တစ်ခုလို ဖြစ်လာသည်။

ကျဲက သူ့ပါးပါးရဲ့ညီ(သူ့ဦးလေး)ရဲ့ သမီးဖြစ်သည်။ ပထမအိမ်တော်လို မဟုတ်ပဲ ဝမ်မိသားစုအခွဲအိမ်တော်ရဲ့ အတွင်းရေးက ရှုပ်ထွေးလှ၏။ သူ့ဦးလေးက တရားဝင်လက်ထပ်ထားတဲ့အမျိုးသမီးတစ်ဦးပဲ ရှိတယ်ဆိုပေမယ့် အပြင်မှာဇယားတွေအများကြီးရှိလေသည်။ သူ့ဦးလေးရဲ့ ဇနီးကို ရှုရန်လို့ခေါ်ပြီး သူမပုံစံက သိမ်မွေ့တည်ငြိမ်ကာ သဘောလည်းကောင်းသေးတယ်။ ဒါကြောင့်
ဝမ်ရိပေါ် ငယ်ငယ်တုန်းကဆို ဒေါ်လေးရှုဆီ ခနခနအလည်သွားတတ်တယ်။ တစ်နေ့သူရောက်သွားတော့ မျက်ဝန်းတောက်တောက်၊ အသားဖြူဖြူနှင့် ကျဲလှလှလေးတစ်ယောက်ကို ဒေါ်လေးရှုဆီမှာ တွေ့လိုက်ရလေသည်။ ထိုစဥ်က သူအများကြီးနားမလည်၍ သူနှင့်ကစားဖို့ ထိုကျဲလှလှလေးကို ဒေါ်လေးရှုက သူ့ကို လက်ဆောင်ပေးတယ်လို့ ထင်ခဲ့တာ။ သူကြီးလာမှ သိတာက ကျဲက ဦးလေးအပြင်မှာ ရလာတဲ့ကလေးဖြစ်ပြီး ကလေးမရနိုင်တဲ့ ဒေါ်လေးရှုကပဲဘကျဲအမေရင်းမရှိတော့
သည့်နောက် သူ့သမီးလို သဘောထားပြီး
စောင့်ရှောက်ပေးဖို့ လက်ခံလိုက်တာပင်။

"ဒေါ်လေးရှုဆီ လာတာလား "

.....
ပြန်မဖြေပေ။

"ဒီလိုပြောတာ မတရားမှန်း သိပေမယ့် တွေ့ပြီးရင် ပြန်"

"ဟင့်အင်း ရှုအတွက် အမှန်တရားကို ဖော်ထုတ်ဖို့ ဒီတစ်ခေါက် ငါပြန်ခဲ့တာ"

သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာလွယ်ကူမနေဘူး!!Onde histórias criam vida. Descubra agora