အပိုင်း၂၄(Unicode)

181 5 3
                                    

"မင်း ဒီတိုင်းပဲ နေတော့မှလား ငါ့ကို အိမ်ပြန်ပို့ဖို့ရော စိတ်ကူးမရှိဘူးလား ခွန်းသက္ကရာဇ်စျာန်"

ရောက်တဲ့နေ့ရောအပါအဝင် ဒီနေ့ရောဆို သူတို့ဒီအိမ်ကို ရောက်တာ ၃ရက် ရှိနေပြီ။ဒါကို ဟိုတစ်ယောက်က ခုထိအေးဆေးပဲဖြစ်နေသောကြောင့် မနက်စာစားပြီးလို့ အခန်းထဲ ထိုင်နေတုန်း လွမ်း မေးလိုက်မိသည်။

"ဒီမှနေပြီး ခြံထဲကနေ ခင်ဗျားထွက်ပြေးတာ ဖမ်းရတာက ပျော်စရာကောင်းတယ်လေ "

သူ့ကိုအေးဆေးစွာ အိပ်ခန်းထဲတွင်ထိုင်ဖို့လုပ်ထားသော ဆိုဖာပေါ်ကနေ သူ့ကိုလှမ်းကြည့် ပြောနေသော ခွန်းသက္ကရာဇ်စျာန်။သူ့ပြောတာလည်း ဟုတ်ပါတယ်။ပထမဆုံးရောက်ပြီး နောက်ရက်ကျ သူ့မထသေးခင် လွမ်း အရင်နိုးအောင်ထကာ ဒီနေရာကနေ ထွက်ပြေးဖို့ကြိုးစားခဲ့သည်။သို့သော် ဘယ်နေရာကို ခေါ်လာမှန်းမသိသလို ဒီခြံရဲ့ဘေးတွင်လည်း ဘာအိမ်မှမရှိဘဲ လူအရိပ်ယောင်တောင် မတွေ့ပေသည့်အပြင် အုတ်တံတိုင်းကို ကာထားသည်ကလည်း လွမ်းတစ်ယောက်မကပေ။ထို့ကြောင့် အဲ့အုတ်တံတိုင်းကို မနည်းတတ်ရမည့်အပြင် ဟိုဘက်ရောက်ဖို့ဆို ပိုဝေးလေရဲ့။ဒါကြောင့် နောက်ကြောင်းပြန်လှည့်လာရတော့ အိမ်တံခါးအပေါက်ဝကနေ အောင်နိုင်သူအပြုံးဖြင့် ကြည့်နေခဲ့တဲ့ လူယုတ်မာအစုတ်ပလုတ်အကောင်ကြီး။

"ခင်ဗျားကို ကျွန်တော်က လွယ်လွယ်နဲ့လွတ်ပေးမယ်လို့ လျှော့တွက်ထားတာပဲ ခင်ဗျားထသွားတာ ကျွန်တော်မသိဘဲနေမလား"

ဆိုပြီး အဲ့တုန်းက လူကိုပြောနေတဲ့သူကို ခြေထောက်အားရပါးရတတ်နင်း၍ အိမ်ထဲပြန်ဝင်ခဲ့သည်။သူ့ထွက်ပြေးမှကို သိနေရက်သည့်အပြင် လွမ်းထွက်မပြေးနိုင်တဲ့နေရာဖြစ်နေလို့ စိတ်ချလက်ချ အိမ်တံခါးတွေ ဖွင့်ထားတာကို အဲ့မှ သိရတော့သည်။

"ကျွန်တော်ကို ဘာတွေမကျေမနပ်ဖြစ်ပြီး မျက်စောင်းလှိမ့်ထိုးနေတာလဲ"

အရင်နေ့ကအကြောင်းတွေးမိတော့ မကျေနပ်ချက်က ပြန်ပေါ်လာသည့်အပြင် လွမ်းရဲ့ဖုန်းကိုပါရောက်ကတည်းက သိမ်းထားတဲ့ ဆိုဖာပေါ်တွင် ထိုင်နေသော သူ့ကို မကျေမနပ်အကြည့်ကြည့်မိလိုက်တော့ ဒါကို မျက်စောင်းထိုးတယ် ဖြစ်ရသေး။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Onde histórias criam vida. Descubra agora