7

31.8K 2.1K 38
                                    

Part 7

တိတ်ဆိတ်မှု့တွေကလမ်းမထက်မှာမောင်းနှင်နေတဲ့ကားတစ်စီးပေါ်ကလူနှစ်ယောက်ထံတွင်ကြီးစိုးနေသည်။စနေဦးခိုက်သည်ကားကိုကိုယ်တိုင်ပဲမောင်းလာသည်မို့ကားထဲတွင်စနေဦးခိုက်နှင့်အကြင်နာမောင်မှလွှဲ၍မည်သူမှအပိုပါမလာပေ။စနေဦးခိုက်ဘေးတွင်လိုက် ပါလာသူကိုကြည့်လေတော့ငြိမ်ငြိမ်လေးနေနေသည်ကိုတွေ့သည်။ချာတိတ်ကိုသူမှတ်မိနေသည်။သူ့ကိုချာတိတ်လည်းမှတ်မိနေမယ်ဆိုတာသိနေသည်။သူ့ကိုတွေ့တွေ့ချင်းလှုပ်ခတ်သွားတဲ့ချာတိတ်ရဲ့အပြုမှု‌တွေကအံ့ဩနေတာကိုသူသတိထားမိသည်။ထို့ကြောင့်လည်းသူ့ရဲ့မသိစိတ်ကကျေနပ်မိသေးသည်။သူတို့နှစ်ယောက်ရဲ့တိတ်ဆိတ်မှု့ကိုသူပဲအရင်ဇာတ်လမ်းစရမှဖြစ်တော့မည်မဟုတ်ရင်မှော်ဘီသာရောက်သွားမယ်ချာတိတ်ဆီကအသံ ထွက်မည်မထင်။

"အဟမ်း!!

စနေဦးခိုက်အသံကိုခပ်မြင့်မြင့်လေးနှင့်ချောင်းဟန့်လိုက်သည်။ထိုအခါမှဘေးကအ ရိပ်ငယ်လေးကလှုပ်ရှားလာသည်။သူ့‌ဘက်ကိုမရဲတရဲလှည့်ကြည့်လာသူကို,စနေဦးခိုက်ကြည့်လိုက်သည်။သူနဲ့မျက်လုံးချင်းဆုံသည် နှင့်အမြန်အကြည့်လွှဲသွားသူက စနေ့ကိုဘာတွေကြောက်နေတာလဲလို့ စနေ‌ တွေးရင်းစိတ်ထဲမတင်မကျဖြစ်လာသည်။သူ့ပုံစံကလူဆိုးနဲ့တူနေလို့လား။

"စကားလေးဘာလေးပြောစရာမရှိဘူးလား"

အမေးစကားပြောလာသူကို အကြင်နာ နားမလည်သလိုလေးကြည့်လိုက်တော့မျက်ခုံးတစ်ဖက်ပင့်တင်လျက်လူကိုကြည့်လာ၏။
အကြင်နာကဘာပြောရမှာလဲ။သူနဲ့အကြင်နာကအခုမှအရမ်းနီးကပ်စွာတွေ့ဖူးတဲ့အပြင်ပထမဆုံးတွေ့ဆုံမှု့ကလည်းသိပ်မကောင်းခဲ့ဘူး။ပြောစရာစကားမရှိဘူးလားဆိုတော့လည်းတစ်ကယ်ပြောစရာစကားတွေကရှိမနေဘူးလေ။

"ဗျာ "

"အရမ်းတိတ်ဆိတ်လွန်းနေတယ်လေ။ဒီအတိုင်းကိုယ်ဆက်မောင်းနေရရင်အိပ်ငိုက်ပြီးကားတိုက်မှု့ဖြစ်နိုင်တယ်"

"ဟို ဟို သီချင်းဖွင့်လိုက်ပါလားဗျ"

"ကိုယ်သီချင်းနားထောင်ရတာမကြိုက်ဘူး။မင်းဆီကစကားသံထွက်လာတာလိုချင်တယ်!"

Love is born, because of you(Complete)Where stories live. Discover now