24 . လကွယ်လေး

809 107 26
                                    

Unicode ver....

24.လကွယ္လေး

"ကျွန်တော် လာနှုတ်ဆက်တယ် ကျွန်တော့်ရဲ့ အိမ်မက်သခင်လေး ဝမ်ရိပေါ်"

ဟုန်ချင်းဟိုင် တစ်ယောက် ကောင်းကင်မင်းကြီး ညို့ကွင်းကနေ လွှတ်မြောက်သွားပြီ ဖြစ်တာမို့ သူ့ရဲ့ အိမ်မက်သခင်ကို ချစ်ပေမဲ့ ပိုင်ရှင်ရှိနေတဲ့ သူ့ရဲ့ အိမ်မက်သခင်ကို ရယူလိုစိတ်တော့ မရှိတော့ပေ။ ထို့အစား သူတောင်းတမိတာက ထိုအိမ်မက်သခင်လေးနဲ့ သူငယ်ချင်း ဖြစ်ရဖို့သာ ဖြစ်သည်။

အခုတော့ ထိုမရနိုင်တော့တဲ့ အခွင့်အရေးကို လျစ်လျူရှူ့ရင်း ပန်းပွင့်တွေကြား လှဲလျောင်းနေတဲ့ အိမ်မက်သခင်ရဲ့ ရုပ်ကလပ်လေးဆီကိုသာ ရောက်လာခဲ့ရတော့သည်။

နေရာဌာနေဆီ သူပြန်တော့မည်မို့ နောက်ဆုံးမျက်နှာလေး လာကြည့်ခဲ့ခြင်းသာ။

"ကျွန်တော်က မွေးကတည်းက အချစ်ကံ​ချေသူ ဖြစ်ပါလိမ့်မယ် ဝမ်ရိပေါ်။ ဘာဖြစ်လို့ဆို ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းလို့ မှတ်ယူထားတဲ့ လူသားက ကျွန်တော်ငယ်ငယ်ကတည်းက စစ်ပွဲကြီးတစ်ခုမှာ ပျောက်သွားခဲ့တယ်။ လူပျို ဖော်ဝင်ခါစ စတင်မြင္မက်ခဲ့တဲ့ အိမ်မက်သခင်ကလည်း ပိုင်ရှင်နဲ့ပါတဲ့။"

"ဒါပေမဲ့ ဝမ်ရိပေါ် စိတ်ချပါ ကျွန်တော်က မယုတ်မာတတ်ပါဘူး။ ကျွန်တော် ခင်များကို သူ့ဆီကနေ ဘယ်တော့မှ လုယူမှာ မဟုတ်တာမို့ ကျွန်တော့်ကို သူငယ္ချင်း ဖြစ္ခွင့်တော့ပေးနော်။"

ထိုစကားအဆုံး ဟုန်ချင်းဟိုင်က ကျနေတဲ့ မျက်ရည်ကို အသာသုတ်လို့ သက်ပြင်းတစ်ခါချပြီး~~~

"ကျွန်တော် အခွင့်အရေးတာရှိရင် နောင်ဘဝမှ သူငယ်ချင်းဖြစ်လည်း မဆိုးသေးပါဘူး။ ခုတော့ နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော် သိပ်ချစ်ရတဲ့ ကျွန်တော့်ရဲ့ အိမ်မက် သခင်ရယ်။"

ဟုန်ချင်းဟိုင် ဝမ်ရဲ့ မျက်နှာလှလှလေးဆီ ငုံ့မိုးလို့ ဝမ်ရဲ့ နဖူးပြေပြေလေးဆီ နှုတ်ခမ်းတိုးမိပေမဲ့ ဝမ့်နဖူးကို ထိခါနီးမှာတင် သူ့ကိုယ်သူ ခန္ဓာကိုယ် ပြန်မတ်လို့ ခေါင်းခါရင်း ပြုံးလေသည်။

Let me Cherish you, My Lord  (ZSWW) [complete]Where stories live. Discover now