ပြီးဆုံးသွားသောဇာတ်လမ်း

15 0 0
                                    

ဒီနေ့က အလုပ်ပိတ်ရက် ဖြစ်တာကြောင့် ကျွန်မ အိမ်မှာပဲရှိနေခဲ့တယ် ။ မနက်တည်းက ညို့မှိုင်းနေတဲ့ကောင်းကင်က နေ့လည် 2:00 ထိုးတဲ့အချိန်အထိ ဆက်လက် မှိုင်းညို့ နေဆဲပါပဲ ။

ထို့‌ေကြာင့် ဒီမိုးက အခုအချိန် မရွာလောက်သေးပဲ ညအချိန်ကျမှ ထစ်ချုန်းမယ့်သဏ္ဍာန်ရှိတယ် လို့ ယူဆပြီး စက်ဘီးတစ်စီး နဲ့ လမ်းထိပ်က ထိုင်နေကျ Cafe ကို ထွက်လာခဲ့တယ် ။

ဆိုင်နာမည်လေးက Rain's တဲ့ ။ မိုးရာသီ ကို နှစ်သက်တဲ့ကျွန်မအတွက် အဆင်ပြေတယ် ။ ဆိုင်အတွင်းကနေ အပြင်ကိုလှမ်းကြည့်လို့ရအောင် မှန်အကြည် ကို သုံးပေးထားတယ် ။ အကယ်၍ ဆိုင်ထဲမှာရှိနေတဲ့အချိန် မိုးရွာလာခဲ့ရင် မြင်ကွင်းကအေးချမ်းစွာလှပနေပါလိမ့်မယ် ။ Cafe ဆိုပေမယ့် အတန်ငယ်ဈေးကြီးတာမလို့ တော်ရုံလူတွေ မလာဖြစ်ကြဘူး ။ Coffee အခါးတွေ သီးသန့်ရှိ‌တဲ့Cafeဖြစ်တာကြောင့်ရောပေါ့ ။

ကျွန်မ ဆိုင်ထဲဝင်လာတော့ ဧည့်ကြိုကောင်လေးက အပြုံးတစ်ပွင့်နဲ့နှုတ်ဆက်တယ် ။ ထိုင်နေကျဆိုင်ဖြစ်တာကြောင့် ရင်းနှီးနေပေပြီ ။ ကျွန်မထိုင်နေကျနေရာလေးဖြစ်တဲ့ ဆိုင်ရဲ့ထောင့်စွန်းလေးက စားပွဲဝိုင်းလေးထဲဝင်ထိုင်လိုက်ပြီး  Amaricano တစ်ခွက်ကိုမှာလိုက်တယ် ။ သံပုရာသီးတစ်စိတ် နဲ့အတူပေါ့ ။ Order မ‌ှာပြီးတဲ့အချိန်မှာ အသင့်ပါလာတဲ့ မျက် မှန် ကိုတပ်ပြီး Laptop လေးကို ထုတ်ကာ စားပွဲပေါ်တင်ပြီး ဖွင့်လိုက်တယ် ။

ထိုဆိုင်လေးက Classic Bitter Cafe လေးဖြစ်တာကြောင့် Classic Song တွေကိုပဲ ခပ်တိုးတိုးဖွင့်လေ့ရှိတယ် ။ အခုတစ်ခေါက် ဖွင့်ထားတဲ့ သီချင်းကလည်း BTS Member ဝင်တစ်ဦးဖြစ်တဲ့ Jeon Jungkook ရဲ့ Stay with me ဖြစ်တာကြောင့် တစ်ချက် ပြုံးမိတယ် ။ အခုရာသီဥတု နဲ့ လိုက်ဖက်နေတာကြောင့်ပါ ။

ကျွန်မ အလုပ်ထဲကို စိတ်နှစ်ထားတဲ့အချိန် မှားထားတဲ့ Coffee လာချပေးတော့ အပြုံးတစ်ပွင့်နဲ့ ကျေးဇူးတင်စကား ပြောကာ အလုပ်ထဲကို စိတ်ပြန်နှစ်လိုက်တယ် ။ ထိုအချိန် လူတစ်ယောက် ဆိုင်ထဲဝင်လာတာကို အလုပ်ဇောကြီးနေတဲ့ ကျွန်မ သတိမထားမိလိုက်ဘူး ။ သို့ပေမယ့် တစ်စုံတစ်ယောက် က ကျွန်မကို စိုက်ကြည့်နေသလိုခံစားရတာကြောင့် မော့ကြည့်မိတော့ ဘယ်ဘက်ရင်အုံအတွင်းက နှလုံးသားအစုံက နာကျင်လာတယ် ။

အမှတ်မထင်ပြန်လည်ဆုံတွေ့ခြင်းWhere stories live. Discover now